ကလေးမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးသူများအား ဒုတိယအကြိမ် ဆက်လက် ထိုးနှံပေး

ကလေး စက်တင်ဘာ ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြိုတွင် ကိုဗစ်-၁၉ကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို သံဃာတော်များ၊ သီလရှင်များ၊ အခြားသောဘာသာရေး ခေါင်းဆောင်များ၊ အသက်(၆၅)နှစ်နှင့် အထက်သက်ကြီး ဘိုးဘွားများ၊ ဝန်ထမ်းမိသားစုများ၊ ဘဏ်ဝန်ထမ်းများ၊ ဈေးသူဈေးသားများ၊ လူမှုကူညီရေးအသင်းများ (Volunteer)နှင့် ပုဂ္ဂလိကစက်ရုံအလုပ်ရုံများမှ ဝန်ထမ်းများကို ယမန်နေ့ နံနက် ၉ နာရီမှ ၁၂ နာရီအချိန်အထိ သတ်မှတ်စုရပ်နေရာများ၌  ကာကွယ်ဆေး (Sinopharm) များ ဒုတိယအကြိမ် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို မြို့နယ်စုပေါင်းရုံး(OSS)နှင့် မြို့တော်ခန်းမတို့တွင် ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပေးရာ ကာကွယ်ဆေးထိုးနှံရာသို့ ဘာသာရေးအဖွဲ့စည်းများ၊ သံဃာတော်များနှင့် သီလရှင်များ စုစုပေါင်း(၂၄၄)ပါး၊ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများ (၈၀၉)ဦး၊ ဘိုးဘွားရိပ်သာ(၃၃)ဦး၊ နိုင်ငံဝန်ထမ်း(၅၇၇)ဦး၊ ဝန်ထမ်းမိသားစုများ (၃၈၆)ဦး၊  အစိုးရ/ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်း(၇)ဦး၊ ပရဟိတအသင်းဖွဲ့များမှ(Volunteer) (၁၄၃)ဦး၊ ပုဂ္ဂလိက ဘဏ်ဝန်ထမ်း(၅၄)ဦး၊ ပုဂ္ဂလိကစက်ရုံ အလုပ်ရုံဝန်ထမ်း (၁၂၈)ဦး၊ Super Market နှင့် ဈေးသူ၊ ဈေးသား(၁၀၉)၊ ပုဂ္ဂလိကပို့ဆောင်ရေး လုပ်ငန်း(၅)ဦး၊ ဟိုတယ်နှင့် တည်းခိုခန်းများမှ(၃၇)ဦးတို့ကို ထိုးနှံပေးခဲ့ပြီး စက်တင်ဘာ(၁၃)ရက်နေ့မှ ယနေ့အထိ စုစုပေါင်း(၂၅၁၄)ဦးကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ကလေးမြို့တွင်ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ဩဂုတ် ၁၆ ရက်နေ့မှ ၁၉ ရက်နေ့ အထိ စုစုပေါင်း(၃၀၀၀)ဦးကို ထိုးနှံပေးခဲ့ပြီး ပထမအကြိမ်ကာကွယ်ဆေး ထိုးနှံပြီးသူများကို စက်တင်ဘာ(၁၃)ရက်မှ စက်တင်ဘာ(၁၆)ရက်နေ့အထိ သတ်မှတ်စုရပ် နေရာများတွင်  ကွယ်ဆေးများ ဆက်လက် ထိုးနှံပေးမည်ဖြစ်ကြောင်း ကိုဗစ်-၁၉ရောဂါ တိုက်ဖျက်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။

မောင်ကျော်(ပြန်/ဆက်)