ရွှေပြည်သာ စက်တင်ဘာ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ် နေ ပြည်သူများအား “ပန်းခင်း”စီမံချက်ဖြင့် တိုင်းရင်းသား ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေး လိုက်လံစာရင်း ကောက်ယူခြင်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈နာရီအချိန်မှ စတင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမင်းသူအောင်၏ ဦးဆောင်မှုဖြင့် ဦးစီးမှူးရုံးမှ ဝန်ထမ်းများ၊ သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူး များနှင့်ရပ်ကွက်၊ ကျေးရွာစာရေးများက ပြည်သူများနေအိမ်သို့ တစ်အိမ်တက်ဆင်း လိုက်လံစာရင်း ကောက်ယူလျက်ရှိသည်။
ယင်းသို့ စာရင်းကောက်ယူရာတွင် လက်ရှိဇာတိတွင် အမြဲနေထိုင်၍ အိမ်ထောင်စုစာရင်းရှိပြီး ကိုင်ဆောင်လက်မှတ်မရှိသူ၊ လက်ရှိ ဇာတိတွင် အမြဲနေထိုင်၍ အိမ်ထောင်စု စာရင်းမရှိ၊ ကိုင်ဆောင်လက်မှတ်မရှိသူ၊ ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စု စာရင်းရှိပြီး လက်ရှိဒေသတွင် ကိုင်ဆောင်လက်မှတ်မရှိသူ၊ ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စုစာရင်းနှင့် ကိုင်ဆောင် လက်မှတ် မရှိသူနှင့်လက်ရှိဒေသတွင် အိမ်ထောင်စုစာရင်းနှင့် ကိုင်ဆောင် လက်မှတ်မရှိသူစသည့် အချက်လေးချက်ဖြင့် လိုက်လံ စစ်ဆေးစာရင်း ကောက်ယူလျက်ရှိကြောင်း သိရသည်။
အဆိုပါ “ပန်းခင်း” စီမံချက်ဖြင့် မြို့နယ်အတွင်း အိမ်ထောင်စု စာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေးခြင်း လုပ်ငန်းများ ကို၂၀၂၁ခုနှစ်၊ မေလ (၃)ရက်နေ့မှစတင်ကာ ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ (၃)ရက်နေ့အထိ (၁၈) လကြာ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။
အေးမိုး