လောင်းလုံးမြို့နယ် ၌ အသက်(၅၅)နှစ်နှင့်အထက် ဦးစားပေးအဆင့်လိုက် ပြည်သူများအား(ပထမအကြိမ်) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရေးအတွက် ညှိနှိုင်းအစည်းအဝေး ကျင်းပ

 

လောင်းလုံး စက်တင်ဘာ ၁၅

တနင်္သာရီတိုင်းဒေသကြီး၊လောင်းလုံးမြို့နယ် ၌  အသက်(၅၅)နှစ်နှင့်အထက် ဦးစားပေး အဆင့် လိုက်ပြည်သူများအား (ပထမအကြိမ်)ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံရေး အတွက် ညှိနှိုင်းလအစည်းအဝေးကို ယနေ့ နံနက် (၁၀) နာရီအချိန်က လောင်းလုံး မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ကိုဗစ်- ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီဥက္ကဌ ဦးအောင်ထိုက်မှ ပြောကြားရာ၌ ယခုတစ်ကြိမ်ကအသက် (၅၅)နှစ် အထက် နှင့်ဦးစားအလိုက် ကာကွယ်ဆေးများထိုးပေးရာ၌ နေရာ၊ စုရပ်(၃)နေရာခွဲထိုးရန်ဖြစ်ပြီး ကာ ကွယ် ဆေးထိုး ရာ၌ သက်ဆိုင်ရာ ကော်မတီဝင်များမှ မိမိတာဝန်ကျသော နေရာ များတွင် စနစ်တကျကြီးကြပ်ဆောင်ရွက်ရန်နှင့် အားလုံးပူးပေါင်း ဆောင်ရွက်ပေးကြရန်ပြောကြားပြီး တက်ရောက်လာသူ များက သိရှိလိုသည်များကို ပြန်လည်ဆွေးနွေး ပြောကြားခဲ့သည်။

ကာကွယ်ဆေးများကို စက်တင်ဘာလ ၁၆ ရက်နေ့နံနက် (၈:၀၀)နာရီမှ စ၍စုရပ်(၃)နေရာ ဖြစ်သည့် လောင်းလုံးမြို့နယ် ခန်းမ၊ (အ-ထ-က)လောင်းလုံးကျောင်းခန်းမနှင့် (အ-ထ-က) သကျက်တော ကျောင်း ခန်းမတို့တွင် ထိုးနှံပေးသွားမည် ဖြစ်ကြောင်းသိရသည်။

ထိုသို့ကာကွယ်ဆေးထိုးနှံရာတွင်အသက်(၅၅)နှစ်မှအထက်ပြည်သူများ၊အသက်(၁၈)နှစ်နှင့်   အထက်မသန်စွမ်းသူများ၊အသက်(၁၈)နှစ်နှင့်အထက်ရဟန်းသံဃာ/သီလရှင်များ၊နာတာရှည်ရောဂါရှိပြီးကူးစက်ရောဂါမရှိသူများ၊(ဒုတိယအကြိမ်)ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသူများကို ဦးစားပေး အဆင့်လိုက် သက်ဆိုင်ရာဆေးထိုးစုရပ်နေရာများတွင် ထိုးနှံပေး သွားမည်ဖြစ် ကြောင်းသိရသည်။

သိန်းသိန်း( ပြန်/ ဆက်)