စစ်တွေ စက်တင်ဘာ ၁၆
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းသည် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့် ဌာဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက မြောက်ဦးခရိုင်၊ မြေပုံမြို့မှ ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများနှင့်တွေ့ဆုံပြီး စိုက်ပျိုးကုန်ထုတ် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိ၊မြို့ဖများနှင့်တွေ့ဆုံရာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် ရခိုင်ပြည်နယ်အအစိုးရ အဖွဲ့နေဖြင့် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုနှုန်းကျဆင်း လာသည့်တွက် ပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ကွင်းဆင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုအချိန်တွင် ကိုဗစ်-၁၉ရောဂါကြောင့် ထိခိုက်ခဲ့သော စီးပွားရေး၊ ပညာရေး၊ လူမှုရေးလုပ်ငန်းများကို ဖြစ်နိုင်သမျှ အမြန်ဆုံး ကုစားဆောင်ရွက်ရမည့် အချိန်အခါဖြစ်သည့်အတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကြိုးစားဆောင်ရွက် သွားရမည် ဖြစ်ကြောင်း၊ လက်ရှိလုပ်ကိုင်လျက်ရှိသော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ငါးဖမ်းလုပ်ငန်းများကို ယခင်ကထက် ပိုမိုတိုးတက် ကောင်းမွန်အောင် လုပ်ဆောင်သွားမည်ဆိုလျင် စားနပ်ရိက္ခာများ ဖူလုံလာမည် ဖြစ်ကြောင်းနှင့် မိမိတို့အစိုးရ အဖွဲ့အနေဖြင့်လည်း အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြား သည်။
ဆက်လက်၍ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးကအမှာ စကားပြောကြားသည်။ ပြည်နယ်ဝန်ကြီးချုပ်က ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ တွင်အားသွန်ခွန်စိုက် ကြိုးစား ဆောက်ရွက်ခဲ့ကြသော ကျန်းမာရေးဝန်ထမ်းများအား ဂုဏ်ပြုလက်မှတ်၊ ထောက်ပံ့ငွေကျပ်သိန်း(၂၀)နှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး ပစ္စည်းများကို ပေးအပ်ထောက်ပံ့ရာ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ သန်းထွန်းက လည်းကောင်း၊ မြို့နယ်အောက်ဆီဂျင် စက်ရုံတည် ဆောက်မှုအတွက် ထောက်ပံ့ငွေကျပ်သိန်း (၁၀၀)အား အောက်ဆီဂျင်စက်ရုံတည်ဆောက်ရေး တာဝန်ခံ ဦးအောင်ငွေစိုး ကလည်းကောင်း၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး ပစ္စည်းများဖြစ်သည့် ပါးစပ်နှင့် နှာခေါင်းစည်း(Mask)နှင့် လက်သန့်ဆေးရည်များကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ ဦးမင်းဦးကလည်းကောင်း လက်ခံရယူကြကာ ပြည်နယ်ဥပဒေချုပ်က အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရန်အတွက် အလှူငွေ ၁၀ သိန်းကို ပေးအပ် လှူဒါန်းရာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြသည်။
ထို့နောက် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ သန်းထွန်းက ဂုဏ်ပြုလက်မှတ်နှင့် ထောက်ပံ့ငွေများ ပေးအပ်ခြင်းအပေါ်ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ဆက်လက်၍ တက်ရောက်လာကြသူများက မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် မြို့ရေပေးစသည့်လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြရာ တိုင်းမှူး၊ ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများက ပြန်လည် ရှင်းလင်း ပြောကြားပြီး ဖြည့်ဆည်းဆောင်ရွက်ပေးကြသည်။
ထို့နောက် ပြည်နယ်လူမှုရေးဝန်ကြီး ဦးအောင်မျိုးက ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးနေမှုနှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက် ပေးကြရန်နှင့် ပန်းခင်းစီမံအကြောင်း ရှင်းလင်း ပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မြေပုံမြို့၊ ကံသာထွက်ဝရပ်ကွက်ရှိ ကွင်းအမှတ် ၃၉ တွင် တောင်သူ ၄ ဦး၏ လယ်ဧက ၁၅ ဧတွင် ဆားငန်ခံဆင်းသွယ်လတ် မိုးစပါးမျိုးစေ့ ထုတ်စိုက်ခင်းသို့ သွားရောက်ကြည့်ရှု အားပေးကြပြီး တောင်သူများနှင့်တွေ့ဆုံကာ တောင်သူများ၏ တင်ပြချက်များကို သက်ဆိုင်ရာ ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းပေးကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကံသာထွက်ဝရပ်ကွက်ရှိ မြို့ပေါ်ရပ်ကွက်များသို့ သောက်သုံးရေ ဖြန့်ဖြူးပေးနေသော ကန်တော်ကြီး၌ ရေဂါလံ(၁)သိန်းဆန့်ရေလှောင်ကန်တည်ဆောက် နေမှုအားသွား ရောက်ကြည့်ရှုကြပြီး ကန်တော်ကြီး တာပေါင်ကြံ့ခိုင်ကောင်းမွန်းရေးအတွက် ဆောင်ရွက်ရန် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)