ခိုလမ်မြို့ အမှတ်( ၃ )ရပ်ကွက်နေ အမျိုးသားတစ်ဦး အနံ့ပျောက်၍ စစ်ဆေးမှု ခံယူရာမှ မိသားစုဝင် (၁၁)ဦး Positive ထပ်မံတွေ့ရှိ

ခိုလမ်    စက်တင်ဘာ    ၁၆

ရှမ်းပြည်နယ် တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ခိုလမ်မြို့ အမှတ်( ၃ )ရပ်ကွက်မှ အသက် ( ၆၅ )နှစ် အရွယ် အမျိုးသားသည် အနံ့ပျောက်သဖြင့် စက်တင်ဘာ ၁၄ ရက်နေ့ နေ့လယ် (၁၃) နာရီ (၃၀)မိနစ် အချိန်တွင် ခုတင်(၁၀၀) ပြည်သူ့ဆေးရုံသို့ လာရောက်ပြသခဲ့ပါသည်။

၎င်း ( ၆၅ )နှစ် အရွယ် အမျိုးသားအား ဆေးရုံ အုပ်ကြီးမှ Test Keit ဖြင့်စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ရောဂါပိုး Positive စစ်ဆေး တွေ့ရှိခဲ့ရပါသည်။ အဆိုပါ     ပိုးတွေ့လူနာနှင့်   ထိစပ်ခဲ့သော  မိသားစုဝင် ( ၁၂ )ဦး အား ဆက်လက် စစ်ဆေးခဲ့ရာအမျိုးသမီး ( ၆ )ဦး နှင့် အမျိုးသား( ၄ ) ဦး စုစုပေါင်း မိသားစုဝင်( ၁၀ )ဦး တို့ထံ၌ ကိုဗစ်-၁၉ ရောဂါပိုး Positive ထပ်မံတွေ့ရှိ ခဲ့ရပြီး ကျန်(၂)ဦးမှာ Negative အဖြေထွက်ရှိ ခဲ့ပါသည်။

အဆိုပါ     ပိုးတွေ့လူနာ (၁၁)ဦးအား  ခုတင်(၁၀၀) ပြည်သူ့ဆေးရုံတွင်ထားရှိပြီး လိုအပ်သောဆေးကုသမှုများပေးသွားမည်ဖြစ်ကြောင်း      မြို့ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် ကုသရေး ကော်မတီထံမှ သိရှိရသည်။

ခင်လေးဝင်း (ခိုလမ်)