မေတ္တာ စက်တင်ဘာ ၁၅
တနင်္သာရီတိုင်းဒေသကြီး ၊ ထားဝယ်ခရိုင်၊မေတ္တာမြို့ ၌ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ကြီးကြပ်မှုဖြင့်နယ်မြေမီးသတ်စခန်းမှ လက်ထောက်ဦးစီးမှူး ဦးသူရကျော်နှင့်တပ်ဖွဲ့ဝင်များနှင့် ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနဝန်ထမ်းတို့ပူးပေါင်း၍ စက်တင်ဘာလ၁၅ရက်နေ့ နံနက်၉း၃၀နာရီအချိန်က မြို့ပေါ်ရပ်ကွက်များအတွင်း မှီတင်းနေထိုင်ကြသော မိဘပြည်သူများထံ ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုမှ ကြိုတင် ကာကွယ်၊ ထိန်းချုပ်နိုင် ရေးနည်းလမ်းများကိုအသံချဲ့စက်ဖြင့် အသိ ပေးနှိုးဆော်လျက်ရှိကြောင်း သိရှိရသည်။
ယင်းသို့ ကိုဗစ်-၁၉ရေဂါ ကာကွယ်ရေးနည်းလမ်းများအား သတိပေးကြေညာပေးရာတွင် ဖြစ်နိုင်ပါက အိမ်အတွင်း၌ သာနေထိုင်ပါ။ အိမ်တွင် ဧည့်သည်လက်ခံခြင်းလုံးဝမပြုပါနှင့် မိမိကိုယ်တိုင်လည်းဧည့်သည်အဖြစ် သွားရောက်ခြင်း လုံးဝမပြုပါနှင့်။ မိမိအိမ်တွင်အသက် (၆၅)နှစ် အထက်အသက်အရွယ်ကြီးရင့်သူ (သို့) ဆီးချို၊ သွေးတိုး၊ နှလုံးစသည့် နာတာရှည် ရောဂါ တစ်ခုခုခံစားနေရသူရှိပါက ထိုသူအားပါးစပ်နှင့် နှာခေါင်းစည်း (Mask) ကို စနစ် တကျ တပ်ဆင်ထားပေးပါ။ လေဝင်လေထွက်ကောင်းသည့် နေရာမှာနေစေပါ။ မဖြစ် မနေအိမ်အပြင်ထွက်မည်ဆိုပါက ပါးစပ်နှင့် နှာခေါင်းစည်း (Mask)ကို မဖြစ်မနေ တပ်ဆင်ပါ၊ လက်ကိုစနစ်တကျဆေးကြောပါ၊ အခြားသူများနှင့် (၆)ပေကွာ ခပ်ခွာခွာနေထိုင်ပါ။ လေဝင် လေထွက်မကောင်းသော အခန်းများသို့ သွားရောက်ခြင်းမှ ရှောင်ကျဉ်ပါ။ လူစုလူဝေး ရှောင်ကျဉ်ပါ။ ဖြစ်နိုင်ပါက တစ်ပတ်လျှင်တစ်ကြိမ်သာဈေးဝယ်ယူပါ။ ပါးစပ်နှင့် နှာခေါင်း စည်း (Mask)ကို စနစ်တကျတပ်ဆင်ထားခြင်းမရှိသော ဈေးရောင်းသူများထံမှ ဈေးမဝယ်ပါ နှင့်။ အပြင်ထွက်လာပါက အိမ်ပြန်သောအခါတွင် အိမ်သို့ရောဂါပိုးများ သယ် ဆောင်လာခြင်း မရှိစေရန်သတိပြုပါ အသုံးပြုပြီးသော (Mask)နှင့် တစ်ခါသုံးပစ္စည်းများကို နေအိမ်အပြင် တွင် စနစ်တကျစွန့်ပစ်ပါ။ အဝတ်အစား မလဲမီကိုယ်လက်သန့်စင်ခြင်းမပြုမီ အိမ်သားများ နှင့်အနီး ကပ်ထိတွေ့ခြင်းမှရှောင်ကျဉ်ပါရန် စသည့် အသိပေးပန်ကြားချက်များဖြစ်ကြောင်း သိရှိရသည်။
နန်းခလိုက် (မေတ္တာ)