တကောင်း စက်တင်ဘာ ၁၅
မန္တလေးတိုင်းဒေသကြီး၊ပြင်ဦးလွင်ခရိုင်၊ တကောင်းမြို့ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ် နိုင်ရေး ကြီးကြပ်မှုကော်မတီ မှ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိဒေသခံပြည်သူများအား ကိုဗစ်- ၁၉ရောဂါပိုးရှိ/ မရှိ နယ်လှည့်ကွင်းဆင်း စစ်ဆေးပေးလျက်ရှိရာ ယနေ့ မနက်(၁၀)နာရီက ညောင်လေးပင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် Test Kit ဖြင့် ဆေးစစ် ဆေးမှုပြုလုပ်ခဲ့ကြောင်းသိရ သည်။
ထိုသို့နယ်လှည့်ကွင်းဆင်းစစ်ဆေးပေးရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ် ချုပ်ရေး မှူးဦးမင်းဝေဇံ ဦးဆောင်ကာ စေတနာ့ဝန်ထမ်းများ၊ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ် နိုင်ရေးကြီးကြပ်မှုကော်မတီမှ Volunteerများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများက ညောင်လေးပင်ကျေးရွာ ရှိဒေသခံပြည်သူ (၄၉)ဦးနှင့် ရဟန်းသံဃာ (၁၄)ဦး စုစုပေါင်း (၆၃)ဦးအား အခမဲ့ဆေးစစ်ဆေးပေးခဲ့ ရာရောဂါပိုးတွေ့ရှိသူ မရှိကြောင်းနှင့် ကျေးရွာအနေဖြင့် ပိုးတွေ့ရှိမှု မရှိ သော်လည်း ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်းလိုက်နာနေထိုင်သွားကြရန် မြို့အုပ်ချုပ်ရေးမှူးမှ ကျန်းမာရေးအသိပညာပေးပြောကြားခဲ့ပြီး ဆက်လက်၍ ကျန်ရှိသည့်ကျေးရွာ များကိုလည်း ကိုဗစ်- ၁၉ ရောဂါပိုးရှိ/မရှိ နယ်လှည့်ကွင်းဆင်းစစ်ဆေးပေးသွာမည်ဖြစ်ကြောင်းသိရ သည်။
မြို့နယ်ပြန်/ဆက်