မုဒုံ စက်တင်ဘာ ၁၅
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း အခြေခံအိမ်ထောင်စုများအား စား၊ ဝတ်၊ နေရေး အဆင်ပြေစေရန် အတွက် စက်တင်ဘာ၁၅ရက်နေ့ တွင် မုဒုံမြို့နယ် မြို့မ(၄) ရပ်ကွက် ဂေါက်ကွင်း အနောက်ရှိ အခြေခံအိမ်ထောင်စုဝင်များထံ ဆန်အိတ်များကို မေတ္တာစံအိမ် (Day Care Family) အသင်းမှ သွားရောက် ထောက်ပံ့လှူဒါန်းသည်။
ထောက်ပံ့ လှူဒါန်းပေးရာတွင် ရန်ကုန်မြို့နေ ကိုအောင်အောင်ကျော်မိသားစုမှ မုဒုံမြို့နယ် မေတ္တာ စံအိမ် (Day Care Family)အသင်းထံ လှူဒါန်းထားသည့်ဆန်များကိုသက်ဆိုင်ရာတာဝန်ရှိသူ များက အခြေခံလူတန်းစား အိမ်ထောင်စု ၄၅ စုအား အိမ်ထောင်စုတစ်စုလျှင် ဆန်လေးပြည်အိတ် တစ်အိတ်နှုန်းဖြင့် စုစုပေါင်း ဆန်အိတ် ၄၅ အိတ်ကို သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)