တနင်္သာရီမြို့နယ်၊ဇဝဲကျေးရွာတွင်COVID-19 ကာကွယ်ရေးစစ်ဆေးရေးဂိတ်တိုးချဲ့ဖွင့်လှစ်၍ စစ်ဆေးဆောင်ရွက်

 

တနင်္သာရီ စက်တင်ဘာလ ၁၅

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ် ကုသရေးနှင့် အရေးပေါ်တုံ့ ပြန်ရေးကော်မတီ၏လမ်းညွှန်မှုဖြင့် ဇဝဲကျေးရွာအုပ်စုကိုဗစ်-၁၉ကာ ကွယ်ထိန်းချုပ်ရေး နှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌမှကြီးကြပ်လျက် ဇဝဲကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး အရှေ့နေရာတွင် ကိုဗစ်-၁၉ ရောဂါကူးစက် ပျံ့နှံ့မှုမှ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများဆောင်ရွက်နိုင်ရန် တိုးချဲ့ဖွင့်လှစ်၍ အပတ်စဉ် တနင်္လာနေ့၊ ဗုဒ္ဓဟူးနှင့် သောကြာနေ့ တို့တွင် စစ်ဆေးမှုများအဓိကထား ဆောင်ရွက်ပေးလျက်ရှိကြောင်း ယနေ့ စက်တင်ဘာလ ၁၅ရက်နေ့ က သိရှိရသည်။

အဆိုပါ ဇဝဲစစ်ဆေးရေးဂိတ်တွင်  ဇဝဲကျေးရွာအုပ်စုကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဌ ဦးခင်မောင်ထူးနှင့်ကော်မတီဝင်များ၊ ဇဝဲကျေးရွာရပ်မိ/ဖများ၊ အုပ်ချုပ်ရေးအဖွဲ့ရာအိမ်မှူး၊ ဆယ်အိမ်မှူးများနှင့် ကျေးရွာမီးသတ်တပ်ဖွဲ့ဝင်များပူးပေါင်း၍( Stay at Home ) သတ်မှတ်ထားသည့် မြို့နယ်များမှလာရောသော မော်တော်ကား/ မော်တော်ဆိုင်ကယ်များကိုရပ်တန့်စေ၍ ခရီးသွားပြည်သူများအား ပါးစပ်နှင့်နှာခေါင်းစည်း (Mask)စနစ်တကျတပ်ဆင်စေရေး၊ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့မှထုတ်ပေးသော နေအိမ် ပြင်ပ ထွက်ခွါခွင့်ကတ်ပြား၊ ကျန်းမာရေးဌာနမှကျန်းမာရေးကောင်းမွန်ကြောင်း(သို့) RDT-Test Kit ဖြင့်စစ်ဆေးသည့်ကတ်ပြား ပါ/မပါစစ်ဆေး၍ အကယ်၍မပါရှိပါက သက်ဆိုင်ရာသို့ပြန်လည် သွားယူစေမည်ဖြစ်ကြောင်း သိရှိရသည်။

သတင်း-နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)