နမ့်စန်(တ) စက်တင်ဘာ ၁၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုကာကွယ် ထိန်းချုပ်နိုင်ရေး အတွက် ပါးစပ်နှင့်နှာခေါင်းစည်း Mask များအားအခမဲ့ဖြန့်ဝေ ပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီက မြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းကော်မတီ၏ ဦးဆောင်မှုဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့သည် မြို့လယ်မီးပွိုင့် လမ်းဆုံအနီး ပြည်ထောင်စု လမ်းမကြီးပေါ်တွင်Mask Campaign ပြုလုပ်၍ ပါးစပ်နှင့်နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေခဲ့ကြောင်းသိရသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် မြို့နယ်လဝက ဦးစီးမှူး ဦးဖေမောင်တင်နှင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ၊ အမှတ် (၄)ရပ်ကွက်၊ အမှတ်(၅)ရပ်ကွက်နှင့် ဝမ်ပုံ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့်အဖွဲ့ဝင်များက ပြည်ထောင်စုလမ်းမကြီးပေါ်တွင် သွားလာ နေကြသူများကို Mask မဖြစ်မနေတပ်ဆင်သွားလာရေးတို့ကို သတိပေးကာ ပါးစပ်နှင့်နှာခေါင်းစည်း Maskများ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။