မိုင်းပျဉ်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး မြန်မာနှင့် ရှမ်းဘာသာနှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်

မိုင်းပျဉ်း  စက်တင်ဘာ ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးနှင့် ကြိုတင် ကာကွယ်ရမည့်နည်းလမ်းများကို သိရှိနိုင်ရန်အတွက်  မြန်မာဘာသာနှင့် ရှမ်းဘာ သာဖြင့် အသိပညာပေး လိုက်လံ နှိုးဆော် ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

ထိုသို့နှိုးဆော်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနနှင့် မြို့နယ်မီးတပ်တပ်ဖွဲ့တို့က ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်မှုပြတ်တောက်ပြီး ထိထိရောက်ရောက် ကာကွယ် နိုင်ရန် တတ်နိုင်သမျှ မိမိအိမ်၌သာနေထိုင်ရန်၊ ပြင်ပ ဧည့်သည်များအား အိမ်တွင် လက်မခံရန်၊ မဖြစ်မနေ အပြင် ထွက်ရပါက နှာခေါင်းစည်း(Mask) တပ်ဆင်ရန်၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာမှ နေထိုင်ပြောဆို ရန်၊ လူစုလူဝေးပြုလုပ်သွားလာခြင်း ရှောင်ကြရန်၊ လက်ကို ဆပ်ပြာနှင့် စက္ကန့်(၂၀) ကြာ စနစ်တကျ ဆေးကြောရန်၊ နေအိမ်ရှိ ပြတင်းပေါက်များအား လေဝင်လေထွက်ကောင်းအောင် ဖွင့်ထားရန်၊ ရောဂါပိုးကူးစက်သည် ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွယ်ပြီး ဆေးကုသမှုခံယူရန်၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကို အမြန်တားဆီး ကာကွယ်နိုင်ရန်အတွက်  ရောဂါကာကွယ်တားဆီးရေး လုပ်ငန်းများကို ပြည်သူ များ ကိုယ်စီလိုက်နာပြီး ပူးပေါင်းပါဝင် ဆောင်ရွက် ပေးကြရန် စသည့် အချက်များကို ပြည်သူများ ကျယ်ကျယ် ပြန့်ပြန့် သိရှိလိုက်နာဆောင်ရွက်နိုင်ရေး အသံချဲ့စက်အသုံးပြု၍  မြန်မာနှင့် ရှမ်းသာသာစကား ဖြင့် အသိပေး လိုက်လံနှိုးဆော်ခဲ့ကြောင်းသိရသည်။

မိုင်းပျဉ်းမြို့တွင် ယနေ့အထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ(၃၅၂)ဦးရှိပြီး ကျန်းမာရေးကောင်းမွန်၍ အိမ်ပြန် ခွင့်ရရှိသူ(၃၀၈)ဦး၊ ဆေးကုသမှုခံယူနေသူ(၄၄)ဉီးနှင့် သေဆုံးလူနာမရှိကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)