ကလိန်အောင်မြို့၌  အသက်(၅၅)နှစ်မှအသက်(၆၄)နှစ်နှင့် ဦးစားပေးအဆင့်လိုက် ပြည်သူများအား (ပထမအကြိမ်) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးမည်

ကလိန်အောင် စက်တင်ဘာ ၁၅

တနင်္သာရီတိုင်းဒေသကြီး  ထားဝယ်ခရိုင် ကလိန်အောင်မြို့ အတွင်းရှိအသက် (၅၅)နှစ်မှ အသက် (၆၄)နှစ်နှင့် ဦးစားပေးအဆင့်လိုက် ပြည်သူများအား(ပထမအကြိမ်)ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေးများကို စက်တင်ဘာ  ၁၆ ရက်နေ့နံနက် (၈:၀၀)နာရီမှ နေ့လယ်(၁၂:၀၀)နာရီအတွင်း  အ-ထ-က၊ ကလိန်အောင် ကျောင်းခန်းမတွင်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ကာကွယ်ဆေးထိုးနှံရာတွင်အသက်(၅၅)နှစ်မှ အသက်(၆၄)နှစ်အထိပြည်သူများ၊ အသက်(၁၈)နှစ်နှင့် အထက်မသန်စွမ်းသူများ၊ အသက်(၁၈)နှစ်နှင့်အထက် ရဟန်းသံဃာ/သီလရှင်များ၊ နာတာရှည်ရောဂါရှိပြီး ကူးစက်ရောဂါမရှိသူများ၊ (ဒုတိယအကြိမ်)ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများကို ဦးစားပေးအဆင့်လိုက် သက်ဆိုင်ရာဆေးထိုးစုရပ်နေရာများတွင် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

(ကလိန်အောင်၊ပြန်/ဆက်)