ဝန်းသို စက်တင်ဘာ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် ဦးအောင်မြတ်ခန်းမတွင် ယမန်နေ့က ဒုတိယ အကြိမ်မြောက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးခြင်းလုပ်ငန်းဆောင်ရွက်ခဲ့ရာ ဆရာတော်၊ သံဃာတော်များ၊ သီလရှင်များ၊ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊ ဝန်ထမ်းမိသားစုများ၊ ဈေးသူဈေးသားများ၊ လူမှုကူညီရေးအသင်းများနှင့် ပုဂ္ဂလိကစက်ရုံအလုပ်ရုံများမှ ဝန်ထမ်းများ စုစုပေါင်း ၃၉၀ ဦးကို ထိုးနှံပြီးစီး ခဲ့ကြောင်း သိရသည်။
ဝန်းသိုမြို့နယ်တွင် ပထမအကြိမ်ကာကွယ်ဆေးထိုးနှံပြီးသူ ၅၉၀၀ ဦးရှိပြီး ဒုတိယအကြိမ်မြောက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးခြင်း လုပ်ငန်းကို စက်တင်ဘာ ၃ရက်နေ့မှ စတင်ဆောင်ရွက်လျက်ရှိရာ ယနေ့အချိန်ထိ Sinopharm အမျိုးအစား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးအလုံရေ ၆၅၅ လုံးကို ဦးရေ ၃၂၇၅ ဦးအား ထိုးနှံပြီးစီးပြီဖြစ်ကာ ကာကွယ်ဆေးထိုးရန်ကျန်ရှိသူများအား သတ်မှတ်ရက် ၂၈ ရက် ပြည့်သည့် ယခုလ ၁၉ရက်နေ့တွင် အ.ထ.က ဂျိုးတောင်၌လည်းကောင်း၊ ၂၁ ရက်နေ့တွင် နမ်းခမ်းမြို့မ ကျောင်းဓမ္မာရုံ၌ လည်းကောင်း၊ ၂၂ ရက်နေ့တွင် အ.ထ.က(ခွဲ)သင်တော၌လည်းကောင်း၊ ၂၄ ရက်နေ့ တွင် ဦးအောင်မြတ် ခန်းမ၌လည်းကောင်း၊ ၂၇ ရက်နေ့တွင် ကင်းဘုန်းတော်ကြီးကျောင်ဓမ္မာရုံ၌ လည်းကောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများက ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ကျော်မြိုင်