ရေတာရှည် စက်တင်ဘာ ၁၅
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်စေရန် အသိပညာပေးနှိုးဆော်ခြင်းကို မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ထိုသို့ အသိပညာပေး တိုက်တွန်းနှိုးဆော်ရာတွင် ရေတာရှည်မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု တားဆီးကာကွယ်နိုင်ရန်အတွက် လိုက်နာရမည့်အချက်များ၊ ကြိုတင် ရှောင်ရှားရမည့်အချက်များကို သိရှိလိုက်နာဆောင်ရွက် နိုင်ရန်နှင့် ကိုဗစ်ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုကို အမြန်ကာကွယ် တားဆီးထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေး လုပ်ငန်း များကို မိဘပြည်သူ များအားလုံးက ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန်အတွက် အသိပညာပေး နှိုးဆော်မှု များကို မြို့အတွင်း လိုက်လံအသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
ရေတာရှည်မြို့နယ်အတွင်း၌ ယနေ့အချိန်အထိ ရေတာရှည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ကျား(၆၉၉)ဦး၊ မ(၇၉၈)ဦး၊ စုစုပေါင်း(၁၄၉၇)ဦးရှိပြီး ဆေးရုံဆင်း ကျား(၆၂၃)ဦး၊ မ(၇၃၄)ဦး၊ ပေါင်း (၁၃၅၇)ဦး၊ ဆေးကုသမှုခံယူလျက်ရှိသူ(၁၀၇)ဦး၊ သေဆုံး (၃၃)ဦးဖြစ်ကြောင်း သိရသည်။
အေးဆု