ရန်ကင်း စက်တင်ဘာ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ် မိုးကောင်းဘုရားဝင်းအတွင်းရှိ အရိယာ ဓမ္မာရုံတွင် မြို့နယ်အတွင်းရှိ စက်ရုံ၊ အလုပ်ရုံနှင့် ကုမ္ပဏီဝန်ထမ်းများအပါအဝင် အသက်(၆၅)နှစ်နှင့် အထက်သက်ကြီးဘိုးဘွားများ၊ Volunteerများ၊ နိုင်ငံ့ဝန်ထမ်းများ ဝန်ထမ်း မိသားစုဝင်များအား ယမန်ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (၁၀၁၉)ဦးထိ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ထိုးနှံပေးရာတွင် ရန်ကင်းမြို့နယ်အတွင်းရှိ စက်ရုံ၊ အလုပ်ရုံနှင့် ကုမ္ပဏီဝန်ထမ်း(၆၁၉)ဦးအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းဖြစ်ပြီး၊ ဒုတိယအကြိမ်အဖြစ် အသက် (၆၅)နှစ်နှင့်အထက်သက်ကြီးဘိုးဘွား(၇၂)ဦး၊ Volunteer(၂၀)ဦး၊ နိုင်ငံ့ဝန်ထမ်း (၁၄၈)ဦး၊ ဝန်ထမ်း မိသားစု( ၁၆၀)ဦးစုစုပေါင်း( ၁၀၁၉)ဦးအား ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ဆေးလာရောက်ထိုးနှံသူများကိုလည်း ကျန်းမာရေးဝန်ကြီးဌာန လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံစေရေးအတွက် မြို့နယ် ကိုဗစ်ကော်မတီဝင် များနှင့် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့များက စာရင်းရေးသွင်းခြင်း၊ အပူချိန်တိုင်းခြင်း၊ သွေးပေါင်ချိန်စစ်ဆေးခြင်းများကို ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်းကို မြို့နယ်အတွင်းရှိ စက်ရုံ၊ အလုပ်ရုံနှင့် ကုမ္ပဏီဝန်ထမ်းများအပါအဝင် ကျန်ဦးတည်အုပ်စုများအား မကျန်ရှိစေရေး ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
လှလှထွေး