မင်္ဂလာဒုံ စက်တင်ဘာ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ စက်ရုံ၊ အလုပ်ရုံ များက ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ ပေးလျက်ရှိရာ ယမန်နေ့က စက်ရုံ၊ အလုပ်ရုံ (၁၃)ရုံမှ ဝန်ထမ်း(၃၅၃၄)ဦးကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနိုင်ခဲ့ကြောင်း သိရသည်။
ထိုးနှံပေးခဲ့သော စက်ရုံ၊ အလုပ်ရုံများမှာ PAS မှ (၂၇)ဦး၊ Global Metal မှ (၂၇)ဦး၊ Mingalar Sumbiri မှ(၁၇)ဦး၊ Sunflower Lace(1) မှ (၁၀၅)ဦး၊ Smart Concrete မှ(၂၇)ဦး၊ EMC နှင့် JCK မှ(၂၃၆)ဦးတို့ကို ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပေးနိုင်ခဲ့ပြီး Myanmar Yancheng Footwear မှ (၂၂၅)ဦး၊ EMC နှင့် JCK မှ (၂၂၄၄)ဦး၊ Spring Ace မှ(၃၉၀)ဦး၊ Linda Fashion မှ (၉)ဦး၊ Max Care မှ (၁၂၃)ဦး၊ Mega One မှ (၃၆)ဦးနှင့် Double Rjinos မှ (၆၈)ဦးတို့ကို ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနိုင်ခဲ့ကြောင်း သိရသည်။
မင်္ဂလာဒုံမြို့နယ်တွင် ကျန်းမာရေးဝန်ထမ်း၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကာကွယ်ဆေးထိုးရာတွင် ကူညီကြသည့် စေတနာ့ ဝန်ထမ်းများ၊ အသက် ၆၅ နှစ်အထက် အဘိုးအဘွားများ၊ ကုမ္ပဏီများမှ ဝန်ထမ်းများ၊ စက်ရုံ၊ အလုပ်ရုံများမှ ဝန်ထမ်းများ နေ့စား အလုပ်သမားများကို သတ်မှတ်အုပ်စုများအလိုက် နေ့စဉ်ဆက်လက်ထိုးပေးနေကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)