မုံးထ စက်တင်ဘာ ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မုံးထမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်စေရန်နှင့် ရောဂါကာကွယ်ရေးနည်းလမ်းများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန်ရည်ရွယ်၍ စက်တင်ဘာ ၁၅ ရက်နေ့နံနက်ပိုင်းက ကိုဗစ်- ၁၉ ရောဂါကင်းစင်ဖို့ စနစ်တကျကာကွယ်စို့ အသိပညာပေးနံရံကပ် စာစောင်အား ပြသဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပညာပေးနံရံကပ်စာစောင်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မခံရအောင် ပြုမူနေထိုင်ရမည့် နည်းလမ်းများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ၊ Mask စနစ်တကျတပ်ဆင်နည်းများ၊ လက်စနစ်တကျဆေးကြောသည့် နည်းလမ်းများနှင့် ရောဂါကူးစက်မှု ကွင်းဆက်ပြတ်တောက်စေရန် ဆောင်ရွက်ရမည့် အချက်များအား ထည့်သွင်းပြသထား သည်။
ထိုသို့ အသိပညာပေးနံရံကပ်စာစောင်များ ပြသခြင်းလုပ်ငန်းကို ပြည်သူ့အကျိုးပြုလုပ်ငန်းတစ်ရပ်အဖြစ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ဇော်မင်းထွန်း