ပန်းတောင်းမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အမှတ်(၂)ခဲယမ်းမီးကျောက်တပ်ရင်းရှိ ပြည်သူ များအား အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ အခမဲ့ပြုလုပ်ပေး

ပန်းတောင်း စက်တင်ဘာ ၁၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် နိုင်ငံသားတိုင်း နိုင်ငံသားစိစစ်ရေး ကတ်များ ရရှိစေရန်အတွက် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိသည့် ပန်းခင်းစီမံချက်ဖြင့် အမှတ်(၂) ခဲယမ်းမီးကျောက်တပ်ရင်းရှိ ဒေသခံပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ် ပေးခြင်းကို ယမန်နေ့ နံနက် (၉)နာရီအချိန်ခန့်က လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန အမှတ်(၂)ခဲယမ်း မီးကျောက်တပ်ရင်းတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရ သည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးကျော်ဝင်းနှင့် ဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့ရာ အမှတ်(၂) ခဲယမ်းမီးကျောက်တပ်ရင်းရှိ အိမ်ထောင်စုလူဦး ရေစာရင်း (၅၄)စု နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား(၄၁)ကတ်တို့အား ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

ယင်း​ နောက်နိုင်ငံသား စိစစ်ရေးကတ်ပြုလုပ်ပေးသည့် (၁၀)နှစ်နှင့် (၁၈) နှစ်ကြား၊ အသက် (၁၈)နှစ်အထက် နိုင်ငံသား စိစစ်ရေးကတ်ပြုလုပ်ပေးရန် ဓာတ်ပုံ (၃) ပုံ၊ အိမ်ထောင်စု လူဦးရေစာရင်းမိတ္တူ (၁) စောင်၊ အသက်အတွက် ကျောင်းထောက်ခံ ချက် (သို့) မွေးစာရင်း မိတ္တူ(၁) စောင်၊ မိဘ (၂) ဦး၏ နိုင်ငံသား/ အမျိုးသားမှတ်ပုံတင်လက်မှတ်မိတ္တူ (၂) စောင်၊ အသက် (၁၀) နှစ်ပြည့်အတွက်ဖြစ်ပါက ကာယကံရှင်၏ သွေးအုပ်စု သတ်မှတ်ချက် (၁) စောင်၊ ကာယကံရှင် ယခင်ကိုင်ဆောင်ခဲ့သော အမျိုးသားမှတ်ပုံတင် ပုံစံ (၂)/ နိုင်-၃ / နိုင်-၃ (က)/ နိုင်-၆ (က) (၁)စောင်၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူး၏ ထောက်ခံချက် (၁)စောင်၊ မြို့နယ်ရဲတပ်ဖွဲ့၏ ထောက်ခံချက် (၁) စောင်တို့ကို ပြုလုပ်၍ ယူဆောင်သွားရမည်ဖြစ် ကြောင်း သိရသည်။

အဆိုပါ ဆောင်ရွက်ပေးရာတွင် လက်ရှိဒေသ၌ အမြဲနေထိုင်ပြီး အိမ်ထောင်စုလူဦးရေစာရင်းရှိပြီး နိုင်ငံသားစိစစ်ရေးကတ် မရှိသေးသူများ၊ လက်ရှိဒေသသို့ တခြားဒေသမှ ပြောင်းရွှေ့ နေထိုင်သူများတွင် မူလဒေသ၌ အိမ်ထောင်စု လူဦးရေစာရင်းရှိပြီး နိုင်ငံသားစိစစ်ရေးကတ် မရှိသေးသူများ၊ ရွှေ့ပြောင်းနေ ထိုင်သူများအနက် မူလဒေသတွင်လည်း အိမ်ထောင်စု လူဦးရေ စာရင်းမရှိ၊ နိုင်ငံသားစိစစ်ရေးကတ်များလည်း မရှိသေးသူများအား ဥပဒေနှင့်အညီ ဖြေလျှော့မှုများဖြင့် ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့နောက် အိမ်တောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ ဆောင်ရွက်သည့်နေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သူရ၊ တပ်ရေးဗိုလ်ကြီးနှင့် မီးသတ် ဦးစီးမှူး ဦးကိုကိုဝေဟိန်းတို့ သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

သင်းသင်းအေး