လောင်းလုံး မြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ အတည်ပြုလူနာသစ် (၇) ဦးထပ်မံတွေ့ရှိ

လောင်းလုံး စက်တင်ဘာ  ၁

 တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ယမန်နေ့တွင် စစ်ဆေး ချက်အရ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာဦးရေ (၇) ဦးထပ်မံတွေ့ရှိ၍ ယနေ့အထိ ပိုးတွေ့ လူနာ(၈၃၉) ဦးရှိပြီဖြစ်ကြောင်း မြို့နယ်ကိုဗစ်- ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။

  အဆိုပါ ကိုဗစ်- ၁၉ ရောဂါ အတည်ပြု (၇) ဦးမှာလောင်းလုံးမြို့နယ် ၊လောင်းလုံးမြို့ပေါ်မှ အမျိုးသမီးတဦးနှင့် ပန်းဒလဲ ကျေးရွာမှအမျိုးသား(၂ ) ဦး၊ အမျိုးသမီး(၃) ဦး၊ပန်းတင်အင်း ကျေးရွာမှ အမျိုးသားတစ်ဦး စုစုပေါင်း (၇) ဦးဖြစ်ပြီး  ၎င်းပိုးတွေ့ရှိလူနာအား လောင်းလုံး မြို့နယ်၊ ပြည်သူ့ဆေးရုံး၌လည်းကောင်း၊ ပန်းတင်အင်း (အ-ထ-က)ခွဲငပိတက်ကြီး၌ လည်း ကောင်း၊ ပန်းဒလဲကုသရေးစင်တာ၌လည်းကောင်း ဆေးကုသခံယူလျက်ရှိကြောင်း သိရ သည်။

လောင်းလုံး မြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါအတည်ပြုလူနာ(၈၃၉)ဦးရှိသည့်အနက်၊ ကျန်းမာရေး ကောင်းမွန်လာ၍ ဆေးရုံဆင်းသူ ဦးရေ (၇၉၉) ဦးရှိကြောင်း သိရသည်။

သိန်းသိန်း (ပြန်/ဆက်)