မေတ္တာ စက်တင်ဘာ ၁၅
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊မေတ္တာမြို့၌ ယမန်နေ့တွင် ကိုဗစ် - ၁၉ ရောဂါ ပိုး စစ်ဆေးရာတွင် (၁၂) ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင်ဖျားနာနေသူများ၊ ရောဂါပိုးတွေ့ လူနာများနှင့် ဆက်စပ်ထိတွေ့ သူများ အား (RDT )ဖြင့် စစ်ဆေးခဲ့ရာ ဟိန္ဒါးကျေးရွာ (၉)ဦး၊ မြေးခံဘော်ကျေးရွာ (၁) ဦး ၊ အမှတ်(၁) ရပ်ကွက်တွင်(၂)ဦး စုစုပေါင်း(၁၂)ဦးတို့၌ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့သဖြင့် ကျေးရွာအဆင့်ဖွင့်လှစ်သော Quarantine Centre များနှင့်မိမိတို့နေအိမ်များတွင်ဆေးဝါး ကုသမှုခံယူလျက်ရှိပြီး၊ မေတ္တာမြို့တွင်(၁၄.၉.၂၀၂၁) ရက်နေ့အထိ ကိုဗစ် - ၁၉ရောဂါပိုး ကူးစက်ခံရသူ ဦးရေမှာ (၂၃၁)ဦး၊ ရောဂါပိုးကင်းစင်၍ အိမ်ပြန်ခွင့်ရရှိသူ (၁၂၃) ဦး ဆက်လက်ဆေးကုသမှုခံယူနေသူ(၁၀၂) ဦး နှင့်သေဆုံးသူ(၆) ဦး ရှိကြောင်း သိရသည်။
နန်းခလိုက်(မေတ္တာ)