အုတ်ဖိုမြို့နယ်၌ ပန်းခင်းစီမံချက် အသိပညာပေး ဗီနိုင်းဆိုင်းဘုတ်စိုက်ထူ

အုတ်ဖို စက်တင်ဘာ ၁၅

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန် ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းဆန်း၏ ဦးဆောင်မှုဖြင့် ဝန်ထမ်းများက ပန်းခင်းစီမံချက် ဆောင်ရွက်နေမှုအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေးအတွက် လူစည်ကားရာ နေရာဖြစ်သည့် မြို့တော်ခန်းမရှေ့တွင် ယနေ့နံနက်ပိုင်းက လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ အသိပညာပေး ဗီနိုင်းဆိုင်းဘုတ်ကို စိုက်ထူခဲ့ကြသည်။

အဆိုပါ ပန်းခင်းစီမံချက် အသိပညာပေး ဗီနိုင်းဆိုင်းဘုတ်စိုက်ထူရာခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာ တာဝန်ရှိ သူများက လာရောက်ကြည့်ရှု အားပေးခဲ့ကြပြီး  ဗီနိုင်းပိုစတာတွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ် ပေးရေး လုပ်ငန်း  "ပန်းခင်း" စီမံချက်ဆောင်ရွက်မည့် လုပ်ငန်း(၄)ရပ်၊ အိမ်ထောင်စုလူဦးရေစာရင်း လျှောက်ထားရာတွင် လိုအပ်သော အထောက် အထားများ၊ အိမ်ထောင်စု လူဦးရေစာရင်း စိစစ်အတည်ပြုထုတ်ပေးခြင်း၊ အိမ်ထောင်စုလူဦးရေစာရင်းအတွက် လိုက်နာရမည့်အချက်များ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား လျှောက်ထားခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်သူများ လိုက်နာရမည့်အချက်များ ပါဝင် ကြောင်း သိရသည်။

အောင်သူ