ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း စက်ရုံအလုပ်ရုံဝန်ထမ်းများနှင့် အသက် (၅၅-၆၄) အုပ်စုအတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ဆေးထိုးနှံပေးမှုကို လိုက်လံကြည့်ရှုအားပေး

 

ပုသိမ်   စက်တင်ဘာ   ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် စက်ရုံအလုပ်ရုံဝန်ထမ်းများနှင့် အသက်(၅၅-၆၄) နှစ်ရှိသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ဆေးထိုးနှံပေးခြင်းကို ဆေးထိုးစုရပ်များဖြစ်သည့် အ.ထ.က(၁)၊ အ.ထ.က(၄)၊ အ.ထ.က(၆)၊ မြို့တော်ခန်းမနှင့် မြို့နယ်ကျန်း မာရေး (TMO)  ရုံးတို့တွင် ယနေ့ နံနက်ပိုင်းကစတင်၍  ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရှိရပါသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ယမန်နေ့မှစတင်၍ ၂၀ ရက်နေ့အထိ ဆေးထိုးစုရပ်များတွင် ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါဆိုင်ရာကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ စနစ်တကျကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်သည်။ ကာကွယ် ဆေးထိုး ရာတွင် ပြည်သူများအနေဖြင့် လိုက်နာရမည့်အချက်များမှာ "ကျန်းမာရေးစစ်ဆေးပြီးမှ သာကာကွယ်ဆေးထိုးရန်၊ နာတာရှည်နှင့်  NCD ရောဂါသည်များ ဆေးမထိုးရပါ၊ သွေးပေါင် ချိန်(၁၀၀-၁၅၀) ရှိသူများ ဆေးမထိုးရပါ၊ သတ်မှတ်ထားသည့် အသက်အုပ်စုအလိုက်ကိုသာ ဆေးထိုးပေးခြင်းဖြစ်ပြီး ကာကွယ်ဆေးလာရောက်ထိုးနှံသူများသည် နိုင်ငံသားစိစစ်ရေးကတ် ပြား(မှတ်ပုံတင်)ယူဆောင်လာမည်ဖြစ်သည်။ Vaccinat0r များဆေးထိုးရန် လက်မှတ်ပါလာသူများကိုသာ ဆေးထိုးပေးမည်ဖြစ်သည်။ ကာကွယ်ဆေးထိုးရန် ပြည်သူများအနေဖြင့် ဆေးထိုး စုရပ်တွင် သတ်မှတ်ထားသော ရပ်ကွက်အတွင်းရှိသူများကိုသာ ဆေးထိုးပေးရန်သတ်မှတ်ထားကြောင်း" သိရသည်။ ဖော်ပြပါကန့် သတ်ချက်များကိုလည်း ပြည်သူများသို့ ယခင်ကာကွယ်ဆေးထိုးရန် ကြိုတင်အသိပေးနိူးဆော်ကြေညာသည့် နည်းလမ်းဖြင့် ကြိုတင် အသိပေးထားကြောင်း သိရှိရသည်။

ယနေ့ ကာကွယ်ဆေးထိုးနှံရာတွင် ဟွာပိုတိုင်းစက်ရုံတွင် အလုပ်သမား (၄၀၀) ဦးကို လည်းကောင်း၊ မြို့နယ်ကျန်းမာရေးရုံးတွင် ဆန်စက်အလုပ်သမားများနှင့် အချုပ်သား(၁၀၀)ဦး၊ အ.ထ.က(၁) စုရပ်တွင် အမှတ် (၅)ရပ်ကွက်၊ မြို့တော်ခန်းမစုရပ်တွင် အမှတ်(၂)ရပ်ကွက်မှ ပြည်သူများအားလည်းကောင်း ကာကွယ်ဆေး စတင်ထိုးနှံပေးကြောင်းသိရသည်။ အဆိုပါ ကာကွယ်ဆေးထိုးသည့် စုရပ်နေရာများသို့ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်အောင်အောင် တို့သည် ဧရာဝဝီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝေဇင်ထွန်းနှင့် တာဝန်ရှိသူများလိုက်ပါ၍ ကာကွယ်ဆေးထိုး စုရပ်နေရာများသို့ လိုက်လံကြည့်ရှုစစ်ဆေးပြီး ကာကွယ်ဆေးလာရောက်ထိုးနှံကြသည့် ပြည်သူများအား နှုတ်ဆက် ကာအားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။ ယခုတစ်ကြိမ် ထိုးနှံပေးသည့် ကာကွယ် ဆေးများသည် Sinopharm (Bejiing Institute of Biological Products) အမှတ်တံ ဆိပ်ဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာနမှ သိရှိရပါသည်။

ယနေ့တွင် ဟီရှန်၊ နော်ရှိုး စက်ရုံများရှိ စက်ရုံလုပ်သားများအား အဆိုပါ  စက်ရုံများတွင် လည်းကောင်း၊ အ.ထ.က(၁)စုရပ်တွင် နိုင်ငံ့ဝန်ထမ်းများ၊ အ.ထ.က(၄)စုရပ်တွင် အမှတ်(၈) ရပ်ကွက်နှင့် သစ်ညိုကုန်းစုရပ်တွင် အမှတ်(၁)ရပ်ကွက်ရှိ ပြည်သူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ပုသိမ်မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့မှ သိရှိရသည်။

ခင်စန္ဒာဆွေ(ပြန်/ဆက်)