ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူများအနက် ရောဂါပျောက်ကင်းသူ(၁၀) ဦး ထပ်မံဆေးရုံဆင်းခွင့်ရ

အုတ်ဖို စက်တင်ဘာ ၁၅

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူများကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ မွန်းလွဲပိုင်းက ကျန်းမာရေးကောင်းမွန်သူ(၁၀)ဦး ထပ်မံ ဆေးရုံဆင်းခွင့်ရရှိခဲ့ကြောင်း သိရသည်။

မြို့နယ်အတွင်း သီးသန့်ထားရှိရာ နေရာအသီးသီးမှ ကျန်းမာရေးကောင်းမွန်သူ (၁၀)ဦးကို မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကျန်းမာရေးထောက်ခံချက် ဆေးလက်မှတ်များ ပေးအပ်ကာ နေအိမ်အသီးသီးသို့ ပြန်ခွင့်ပြုခဲ့ပြီး ၎င်းတို့ နေအိမ်တွင် (၇)ရက်ကြာ နေထိုင်ကြရန်နှင့် ကျန်းမားရေးအသိပညာပေးအမှာစကားများ ပြောကြားပေးခဲ့ပြီး လူမှုကူညီရေး အသင်းကားများဖြင့် နေအိမ်များသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အုတ်ဖိုမြို့နယ်တွင် ယမန်နေ့ ညနေ(၆)နာရီအချိန်ထိ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ စုစုပေါင်း (၁၉၂၆) ဦး အနက်ရောဂါ ပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရသူ (၁၇၆၂) ဦးထိရှိပြီး သေးဆုံသူ ၈၅ ဦး ရှိပြီဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ သိရသည်။

အောင်သူ(အုတ်ဖို)