ဂွ စက်တင်ဘာ ၁၅
ရခိုင်ပြည်နယ်၊ ဂွမြို့ရှိ နယ်မြေခံတပ်ရင်း ဖြစ်သည့် ခမရ(၅၆၃)တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု ဇယား နှင့်နိုင်ငံသားကတ်ပြားများ ကို ယနေ့ နံနက်ပိုင်းက ကွင်းဆင်း၍ ပြုလုပ်ပေးခဲ့ကြောင်းသိရသည်။
ထိုကဲ့သို့ပြုလုပ်ပေးရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဝန်ထမ်းများက နယ်မြေခံတပ်ရင်း ဖြစ်သည့်ခမရ (၅၆၃) တပ်ရင်းတွေ့ဆုံပွဲခန်းမတွင် ဆောင်ရွက်ပေးခဲ့ရာ အသက်(၁၈) နှစ်အောက် နိုင်ငံသားကတ်ပြား အသစ်ပြုလုပ်သူ မ(၄)ဦး၊ နိုင်ငံသားကတ်ပြား လဲလှယ်သူကျား (၂ ) ဦး၊ မ(၅)ဦး နှင့်ပျက်စီး/ပျောက်ဆုံး မ(၁)ဦး၊စုစုပေါင်း ကျား(၂)ဦး၊ မ(၁၀)ဦးတို့ကိုပြုလုပ်ပေးနိုင်ခဲ့ကြောင်းသိရ သည်။
ရွှေရည်ဝင်းကျော်