ရွှေပြည်သာ မြို့နယ်တွင် (ဒုတိယအကြိမ်)ကာကွယ်ဆေး ထိုးနှံပြီးသူ ပေါင်း (၄၆၆၉) ဦးရှိပြီဖြစ်

ရွှေပြည်သာ စက်တင်ဘာ ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် သြဂုတ်လ(၁)ရက်နေ့မှ စက်တင် ဘာလ (၁၄) ရက်နေ့အထိ (ပထမအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးပြီးသူများအား  ဦးစားပေးအုပ်စုများအလိုက် ဩဂုတ်လ(၂၈)ရက်နေ့မှ စ၍ ထိုးနှံလျက်ရှိရာ စက်တင်ဘာလ (၁၃)ရက်နေ့ အထိ (ဒုတိယအကြိမ်)  ကိုဗစ်ကာကွယ် ဆေးထိုးနှံပြီးသူ အသက်(၆၅)နှစ်နှင့် အထက် ဘိုးဘွား (၃၀၁၆)ဦး၊ ကျန်းမာရေးဝန်ထမ်း(၅၀)ဦး၊ စေတနာ့ဝန်ထမ်း(၅၆၁)ဦး၊ ဘုန်းကြီး၊ သီလရှင်(၆၆၄)ဦး၊ နိုင်ငံဝန်ထမ်း (၃၅၃)ဦး၊ နိုင်ငံ့ဝန်ထမ်းမိသားစု(၂၁)ဦး၊ အကျဉ်းသား(၄)ဦး၊ စုစုပေါင်း(၄၆၆၉)ဦးအား ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပြီး ဖြစ်ကြောင်း  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးမှူးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဦးနှင့် ကိုဗစ် ကော်မတီဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များ၊ လူမှုရေး အသင်းအဖွဲ့များ ပူးပေါင်း၍ ယနေ့ နံနက် ၉ နာရီအချိန်မှ စ၍သာသနာ့ဗိမာန်တော်ကြီးတွင် နိုင်ငံဝန်ထမ်းများနှင့် အတူ နေမိသားစု ဝင်များအား (ဒုတိယအကြိမ်)  ကာကွယ်ဆေးများ ထိုးနှံလျက်ရှိကြောင်း သိရသည်။

အေးမိုး(ပြန်/ဆက်)