ပန်းခင်းစီမံချက်ဖြင့် နိုင်ငံ့သားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများပေးအပ်

တကောင်း     စက်တင်ဘာ   ၁၄

 

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့ လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနမှ အမှတ် (၃)ရပ်ကွက်သို့ ပန်းခင်းစီမံချက် နိုင်ငံ့သားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းပေးအပ်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲ(၂)နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမတွင် ပြုလုပ်ခဲ့ ကြောင်းသိရသည်။

အဆိုပါအခမ်းအနားတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူးဦးမင်းဝေဇံမှ အဖွင့် အမှာစကားပြောကြားပြီး လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ယာယီမြို့ တာဝန်ခံ ဦးရဲခန့်ကျော်မှ လက်ရှိဇာတိဒေသတွင် အမြဲတမ်းနေထိုင်၍ အိမ်ထောင်စုလူဦးရေစာရင်းရှိပြီး ကိုင်ဆောင်လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ လက်ရှိဇာတိဒေသတွင် အမြဲတမ်းနေ ထိုင်၍ အိမ်ထောင်စုလူဦးရေစာရင်းမရှိ ကိုင်ဆောင်လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စုလူဦးရေ စာရင်းရှိသော်လည်း လက်ရှိ ဒေသတွင် ကိုင်ဆောင်လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ ရွှေ့ပြောင်းနေထိုင်သူများ အတွက် မူလဒေသတွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ်မရှိ၊ လက်ရှိဒေသ တွင်လည်း အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ်မရှိသူများအားဆောင်ရွက်ပေးခြင်း စသည်တို့ကိုရှင်းလင်းပြောကြားခဲ့ပြီး ကျန်ရှိသည့်ရပ်ကွက်များနှင့်၊ ကျေးရွာများအားဆက်လက် ကွင်းဆင်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်းနှင့် နိုင်ငံ့သားစိစစ်ရေးကတ်ပြား(၄၂)ခု၊ နိုင်ငံ့သား စိစစ်ရေးကတ်ပြား နှစ်တိုးပြောင်း (၁၀)ခုနှင့် အိမ်ထောင်စုလူဦးရေစာရင်း (၂၀)ခုတို့အားအမှတ် (၃) ရပ်ကွက်ရှိ ဒေသခံပြည်သူများထံပေးအပ်ခဲ့သည်။

အခမ်းအနားသို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူးများ၊မြို့မိ၊ မြို့ဖများ တက်ရောက်ကာ ကျန်းမားရေးဝန်ကြီးဌာန၏ညွှန်ကြားချက်များနှင့် အညီအခမ်းအနားကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)