တမူးမြို့နယ်၌ ဒုတိယအကြိမ်ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်ရေး အသိပေးနှိုးဆော်

တမူး စက်တင်ဘာ ၁၄

 

စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့တွင် ဒုတိယအကြိမ် ကိုဗစ် ကာကွယ်ဆေး ထိုးနှံနိုင်ရေး အသိပေး လိုက်လံ နှိုးဆော်ခြင်းကို ယနေ့နံနက်(၁၀) နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ အသိပေး နှိုးဆော်ရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမီးသတ်ဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ  ပူးပေါင်းပြီး ရပ်ကွက်များအတွင်းသို့ သွားရောက်လှည့်လည်၍ သြဂုတ်လ တတိယအပတ်အတွင်းက ပထမအကြိမ်ထိုးနှံခဲ့သည့် သံဃာတော်များ၊ သီလရှင်များ၊ သက်ကြီးဘိုးဘွားများနှင့်ပြည်သူများကို စက်တင်ဘာလ (၁၅)ရက်နေ့မှ နံနက်ပိုင်းမှစတင်၍ အမှတ်() အခြေ ခံပညာအထက်တန်းကျောင်းတွင် ထိုးနှံပေးမည်ဖြစ်ကြောင်း ကာကွယ် ဆေးထိုးနှံရန် ကျန်ရှိမှု မရှိစေရေးအတွက် အသိပေးနှိုးဆော်ခဲ့သည်။

 

တမူးမြို့နယ်တွင် ပထမအကြိမ်ကိုဗစ်ကာကွယ်ဆေးထိုးနှံခြင်းကို သြဂုတ်လ(၁၇)ရက်နေ့မှ (၂၁)ရက်နေ့အထိ (၃၀၀၀) ဦးထိုးနှံပေးခဲ့ပြီး ယနေ့အချိန်အထိ တမူးမြို့နယ်တွင် ကိုဗစ်ကာကွယ်ဆေး ()ကြိမ် ထိုးနှံပြီးသူပေါင်း (၄၆၈၆)ဦးရှိပြီ ဖြစ်ကြောင်း  တမူးခရိုင် ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

 

ဖိုးကျော်