ရေတာရှည်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လိုက်နာရန် အသိပေးနှိုးဆော်ချက်များ ဆက်လက်ဆောင်ရွက်

ရေတာရှည် စက်တင်ဘာ ၁၄

ပဲခူးတိုင်း​ဒေသကြီးတောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်စေရန် အသိပညာပေးနှိုး​ဆော်ခြင်းကို မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

ထိုသို့ အသိပညာ​ပေး တိုက်တွန်းနှိုး​ဆော်ရာတွင်  ရေတာရှည်မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု တားဆီးကာကွယ်နိုင်ရန်အတွက် လိုက်နာရမည့်အချက်များ၊ ကြိုတင် ရှောင်ရှားရမည့် အချက်များကို  သိရှိလိုက်နာဆောင်ရွက်နိုင် ရန်နှင့် ကိုဗစ်ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုကို အမြန်ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေး လုပ်ငန်း များကို မိဘပြည်သူ များအားလုံးက ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန်အတွက် အသိပညာပေး နှိုးဆော်မှု များကို မြို့အတွင်းလိုက်လံအသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

ရေတာရှည်မြို့နယ်အတွင်း၌ ယနေ့အချိန်အထိ ရေတာရှည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ကျား(၆၉၇)ဦး၊ မ(၇၉၅)ဦး၊ စုစုပေါင်း(၁၄၉၂)ဦးရှိပြီး ဆေးရုံဆင်း ကျား(၆၁၆)ဦး၊ မ(၇၃၂)ဦး၊ ပေါင်း(၁၃၄၈)ဦး ၊ ဆေးကုသမှုခံယူလျက်ရှိသူ(၁၁၁)ဦး၊ သေဆုံး (၃၃)ဦးဖြစ်ကြောင်း သိရသည်။

အေးဆု