ရန်ကုန် စက်တင်ဘာ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ သန့်ရှင်းသာယာလှပစေရန်၊ မိုးရာသီကာလတွင် ဖြစ်ပေါ်လေ့ရှိသော ရေကြီးရေလျှံမှု မဖြစ်ပေါ်စေရန်၊ ရေစီးရေလာကောင်းမွန်စေရန်နှင့် ရေမြောင်းများ ပိတ်ဆို့မှုကြောင့် ခြင်များပေါက်ဖွားမှု မရှိစေရန် ရည်ရွယ်၍ သန့်ရှင်းသာယာလှပစေရေးနှင့် ရေမြောင်းအား ရေစီးရေလာကောင်းမွန်ရေးအတွက် ရေမြောင်းရှိ အမှိုက်များ ရှင်းလင်းခြင်းကို ယနေ့ နံနက်(၇)နာရီအချိန် က မြို့သစ်(က+ခ)ရပ်ကွက်၊ ဘုရင့်နောင်လမ်းတွင် ရှင်းလင်းခဲ့သည်။
အင်းစိန်မြို့နယ်၊ စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်၏ လမ်းညွှန်မှုဖြင့် မြို့နယ်စည်ပင်သာယာရေး ပတ်ဝန်းကျင် သန့်ရှင်းရေးမှ (၁၀)ဦး၊ ရေစီးရေလာမှ (၅)ဦး၊ ပန်းဥယျာဉ်မှ (၁၀)ဦး၊ မြို့နယ် EO ရုံးမှ (၅)ဦး စုစုပေါင်း(၃၀)ဦး Excavator (၁)စီးဖြင့် သန့်ရှင်းသာယာလှပစေရေးအတွက် ရေမြောင်းအတွင်းရှိ မြောင်းချေးများ၊ ပိတ်ဆို့နေသော အမှိုက်များ ရှင်းခြင်း၊ လမ်း ဝဲ/ယာ ခြုံနွယ်များ ရှင်းခြင်း၊ သစ်ပင် အောက်တက်များ ရှင်းခြင်း၊ မြေပိုများ ရှင်းခြင်း၊ အမှိုက်/တာယာ အဟောင်းများ ရှင်းခြင်းတို့ကို FAW ကား (၄)ခေါက်၊ Hopper(၃)ခေါက်၊ သန့်ကားသေး(၂)ခေါက်ဖြင့် အမှိုက်များကို စနစ်တကျ ရှင်းလင်းခဲ့ပြီး ထိန်ပင် အမှိုက်ကုန်းသို့ စနစ်တကျ ရှင်းလင်းပို့ဆောင်ခဲ့သည်။
ဆက်လက်၍ အင်းစိန်မြို့နယ်အတွင်း သန့်ရှင်းသာယာလှပစေရေးနှင့် မိုးရာသီတွင် ရေကြီးမှုများ မဖြစ်ပေါ် စေရန်အတွက် အဓိကချောင်းများဖြစ်သော ဖော့ကန်ရပ်ကွက်ရှိ ရွာမချောင်း၊ ရွာမအရှေ့ရပ်ကွက်ရှိ ပေါက်တောချောင်းနှင့် ကသွယ်ချောင်း စသည့် ချောင်းများနှင့်မြောင်းများကို မိုးရာသီကာလတွင် ရေးစီးရေလာကောင်းမွန်ရေးအတွက် ရှင်းလင်းခြင်းများနှင့် မြို့နယ်သန့်ရှင်း သာယာလှပစေရေး လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးထံမှ သိရသည်။
ဇွဲထက်ကို