မန္တလေး စက်တင်ဘာလ ၁၄
COVID-19 ရောဂါ ကာကွယ်ဆေး ပထမအသုတ် ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉နာရီ မှစ၍ မန္တလေး၊ ချမ်းအေးသာစံမြို့နယ်အတွင်း ပြုလုပ်ခဲ့ကြောင်းသိရသည်။
ယင်းကာကွယ်ဆေးထိုးပေးသည့် ဆေးထိုးစုရပ်နေရာများမှာ ကန်ကောက်ရပ်ကွက်၊ ၃၁လမ်းနှင့် ၃၂ လမ်းကြား၊ ၅၆လမ်းနှင့် ၅၇ လမ်းကြားရှိ မာန်အောင်ရတနာ ဓါတုဃရ ဝါခင်းကုန်းဘုရား ဓမ္မာရုံ၊ စိတ္တရမဟီရပ်ကွက်၊ ၇၆လမ်း၊ ၂၈လမ်းနှင့် ၂၉ လမ်းကြား ရှိ အမှတ်(၁၂) အခြေခံပညာ အထက်တန်းကျောင်း၊ အောင်နန်းရိပ်သာအနောက် ရပ်ကွက်၊ ၃၀လမ်းနှင့် ၃၁ လမ်းကြား၊ ၈၅လမ်းနှင့် ၈၆ လမ်းကြားရှိ မဟာသကျသီဟဘုရား၊ ဝေဇယန္တာဓမ္မာရုံနှင့် သီရိဟေမာ အရှေ့ ရပ်ကွက်၊ ၂၇လမ်းနှင့် ၂၈ လမ်းကြား၊ ၈၈လမ်းနှင့် ၈၉ လမ်းကြားရှိ မဟာလောကရံသီ အိမ်တော်ရာ စေတီတော်၊ မဟူရာဓမ္မာရုံတို့ ဖြစ်ကြသည်။
ထိုသို့ ကာကွယ်ဆေးများထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး ဝန်ထမ်းများမှ ဦးဆောင်၍ မြို့နယ်အတွင်း ရပ်ကွက် ၂၀ရှိ ရပ်ကွက်နေပြည်သူများအား သတ်မှတ်အချိန်များအတိုင်း COVID-19 ရောဂါ ကာကွယ်ဆေး ပထမအသုတ် ဒုတိယအကြိမ်ကို ထိုးနှံပေးခဲ့ကြောင်း၊ အဆိုပါ ကာကွယ် ဆေးထိုးစုရပ်များတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးဇော်ဖေနှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာ ရပ်ကွက်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိပ်ထားနိုင်