မြင်းခြံမြို့တွင် ကိုဗစ်-၁၉-ရောဂါ ပိုးတွေ့လူနာ(၆)ဦးထပ်မံတွေ့ရှိပြီး (၃)ဦးသေဆုံး

မြင်းခြံ စက်တင်ဘာ ၁၄

မန္တလေးတိုင်းဒေသကြီး၊မြင်းခြံခရိုင် မြင်းခြံမြို့တွင်  ယမန်နေ့က ကိုဗစ်- ၁၉ ရောဂါ ပိုးတွေ့လူနာ(၆)ဦးထပ်မံတွေရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ပိုးတွေ့လူနာများမှာ မြင်းခြံမြို့နယ် ကျောက်တန်းကျေးရွာမှ အသက် (၄နှစ်ခွဲ၊ ၁၅၊၄၁၊၆၅ နှင့် ၆၅)နှစ်အရွယ် အမျိုးသား ငါးဦးနှင့် အသက်(၃၉)နှစ်အရွယ် အမျိုး သမီးတစ်ဦးတို့ဖြစ်ကြကြောင်း သိရသည်။

ယခင်ပိုးတွေ့လူနာများမှ ယနေ့သေဆုံးသူ (၃)ဦးမှာ မြင်းခြံမြို့နယ် ကိုင်း(မ)ကျေးရွာ မှ အသက်(၆၂)နှစ်အရွယ် အမျိုးသား တစ်ဦး၊ တောင်သာမြို့နယ် နန်းမြင့်ကျေးရွာမှ အသက်(၄၂)နှစ်အရွယ် အမျိူးသား တစ်ဦး နှင့် နွားထိုးကြီးမြို့နယ် လက်ဝဲကျေးရွာမှ အသက်(၇၀)နှစ်အရွယ်  အမျိုးသားတစ်ဦးတို့ဖြစ်ကြပြီး မြင်းခြံမြို့နယ် ကူရွာ ကျေးရွာအနီးရှိ ဆူဖြူကုန်းသုဿာန်တွင် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ သင်္ဂြိုလ်ပြီးဖြစ်ကြောင်းသိရသည်။

ပိုးတွေ့အတည်ပြုလူနာများအား မြင်းခြံခရိုင်ပြည်သူ့ ဆေးရုံတွင်(၃၃)ဦး၊Treatment Center(G.T.C)၌ (၂၉)ဦး၊ စုစုပေါင်း(၆၂)ဦးတို့ကို ဆေးကုသပေးလျက်ရှိသည်။မြင်းခြံ မြို့နယ်တွင် ၂၀၂၁ခုနှစ်၊ဇွန်လ ၂၈ရက်မှ စက်တင်ဘာ ၁၃ရက် (ယနေ့)အထိ ပိုးတွေ့ လူနာပေါင်း (၁၀၇၅)ဦး၊ သေဆုံးသူ(၂၀၁)ဦး ရှိပြီး၊ရောဂါသက်သာပျောက်ကင်း၍ ဆေးရုံမှဆင်းသူ (၈၁၂)ဦးနှင့် လက်ရှိဆေးကုသခံယူနေသူ (၆၂) ဦးရှိကြောင်းသိရ သည်။

ခရိုင်(ပြန်/ဆက်)