ဝန်းသိုမြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး

 

စက်တင်ဘာ ၁၄

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် ဦးအောင်မြတ်ခန်းမတွင် ဆရာ တော်၊ သံဃာတော်များ၊ သီလရှင်များ၊ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊ ဝန်ထမ်း မိသားစုများ၊ ဈေးသူဈေးသားများ၊ လူမှုကူညီရေးအသင်းများနှင့် ပုဂ္ဂလိကစက်ရုံအလုပ်ရုံများမှ ဝန်ထမ်းများအား ယနေ့ နံနက် ၉ နာရီအချိန်မှစတင်၍  ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယ အကြိမ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

 

 

ဝန်းသိုမြို့နယ်တွင် ၂၀၂၁ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့ထိ အသက် ၆၅ နှစ်နှင့် အထက်ဘိုးဘွား ၅၆၆ ဦး၊ Volunteer /ပရဟိတအဖွဲ့ဝင် ၃၂ ဦး၊ သံဃာတော်/သီလရှင် ၈၃ ပါး၊ နိုင်ငံ့ဝန်ထမ်း ၈ ဦး၊ ပုဂ္ဂလိကစက်ရုံ/အလုပ်ရုံဝန်ထမ်း ၅၇ ဦး၊ ဈေးသူဈေးသား ၂၁၃၉ ဦး စုစုပေါင်း ၂၈၈၅ ဦးကို Sinopharm အမျိုးအစား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

ကျော်မြိုင်