ကျိုက်လတ်မြို့နယ်တွင် ကိုဗစ်ကာလအတွင်း ပြည်သူများ အဆင်ပြေစေရေးအတွက်‌ ဆန်များ ရောင်းချပေးလျက်ရှိ

ကျိုက်လတ် စက်တင်ဘာ ၁၄

ဧရာဝတီတိုင်းဒေကြီး‌၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ကိုဗစ်ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း ပြည်သူများ အဆင်ပြေစေရေးအတွက် ယမန်နေ့က မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနရုံးတွင် ဆန်များကို ဈေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်တွင် ကိုဗစ်ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ပြည်သူများ အဆင်ပြေစေရေးအတွက် မြို့နယ် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့၏ ဦးဆောင်မှု၊ မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနနှင့် မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်း ပူးပေါင်း၍‌ဧည့်မထဆန်တစ်ပြီ (၁၀၀၀ကျပ်)နှုန်းဖြင့် တနင်္လာ၊‌ဗုဒ္ဓဟူး၊ သောကြာနေ့တိုင်း နံနက်၇နာရီမှ ၁၀နာရီအထိ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနရုံးတွင် ဆန်များကို ဈေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ဌေးဌေးလှိုင်