မော်လမြိုင်၌ ကိုဗစ်-၁၉ကာလ တောင်သူများ မိုးရာသီစိုက်ပျိုးစရိတ် ဘဏ်ချေးငွေ ဆက်လက်ထုတ်ချေး

 

 

မော်လမြိုင် စက်တင်ဘာ ၁၄

 

မွန်ပြည်နယ်၊  မော်လမြိုင်မြို့နယ်တွင်  တောင်သူများအား ကိုဗစ်-၁၉ရောဂါ ဖြစ်ပေါ်နေ သည့်ကာလအတွင်း   စီးပွားရေး  ကုစားမှုအနေဖြင့် အခက်အခဲများ  အဆင်ပြေစေရန်ရည်ရွယ်၍ ၂၀၂၁ခုနှစ်အတွက် မိုးရာသီစိုက်ပျိုးစရိတ် ဘဏ်ချေးငွေများကို ထုတ်ချေးပေးလျက်ရှိရာ မွန်ပြည်နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ  ခွင့်ပြုရန်ပုံငွေကျပ် (၉၂၃၅.၀၀) သိန်းကို ဆက်လက်  ထုတ်ချေးပေးမည်ဖြစ်ကြောင်း သိရသည်။

 

ထိုသို့ ထုတ်ချေးပေးရာတွင်၂၀၂၀ခုနှစ်အတွက် မိုးရာသီစိုက်ပျိုးစရိတ် ဘဏ်ချေးငွေပြေကျေ သည့် တောင်သူများကို မော်လမြိုင်ခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ  စက်တင်ဘာ ၉ ရက်နေ့ထိ ကျေးရွာအုပ်စု ၁၂  ရွာတို့မှတောင်သူဦးရေ  ၃၆၇   ဦးတို့အား   စိုက်ဧက  ၁၈၄၅   ဧက အတွက် မိုးရာသီ စိုက်ပျိုးစရိတ်ဘဏ် ချေးငွေကျပ်၂၇၆၇ဒဿမ၅၀သိန်းအား ထုတ်ချေးပေး ထားပြီး  ဖြစ်ကြောင်း မော်လမြိုင်ခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမန်နေဂျာ ဒေါ်ချိုချိုခင် ထံမှ  သိရ သည်။

 

အဆိုပါ ဘဏ်ခွဲများအနေဖြင့် တောင်သူများအား မိုးရာသီစိုက်ပျိုးစရိတ်ဘဏ်ချေးငွေများ ထုတ်ချေးပေးရာတွင် ကိုဗစ်-၁၉ကာကွယ်ရေး စည်းကမ်းချက်များအညီ   ထုတ်ချေးပေးခြင်းဖြစ် ပြီး ကျန်ရှိသည့်ကျေးရွာအုပ်စုများကိုလည်း ဆက်လက်ထုတ်ချေး  ပေးသွားမည်ဖြစ်ကြောင်းသိရ သည်။

 

ဇာဖြူဝင်း(ပြန်/ဆက်)