ကျိုက်ထို စက်တင်ဘာ ၁၄
ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့ရှိ ကျောင်းတိုက်အသီးသီးတွင် သီတင်းသုံးနေထိုင်တော်မူသော ရဟန်း၊သံဃာ၊ သီလရှင်များအား ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိနှင့် ရောဂါကူးစက်မှု လျော့နည်းစေရေးအတွက် Test Kit ဖြင့် စစ်ဆေးပေးခြင်းကို ယနေ့ နံနက်(၉)နာရီက သိမ်ဇရပ်မြို့ သစ်ဆင်ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ပြုလုပ်ခဲ့သည်။
အဆိုပါ Test Kitဖြင့် စစ်ဆေးပေးရာတွင် သိမ်ဇရပ်မြို့ စီမံအုပ်ချုပ်ရေးအဖွဲ့၊ သိမ်ဇရပ်တိုက်နယ် ကျန်းမာရေး ၀န်ထမ်းများ၊ လူမှုကူညီရေး အသင်းများ၊ ပရဟိတ အဖွဲ့များ ပူးပေါင်း၍ ရဟန်း၊သာမဏေ၊ သီလရှင်(၅၀၄)ပါး တို့အား စစ်ဆေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)