အုတ်ဖိုမြို့နယ်တွင် ရောဂါကူးစက်မှုကို အမြန်ဆုံး ကုသထိန်းချုပ်နိုင်ရေး စစ်ဆေးပေးလျက်ရှိ

အုတ်ဖို စက်တင်ဘာ ၁၄

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၌ မြို့ဝင်ဂိတ်နှင့် လူစည်ကားရာနေရာများတွင်  ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေး အသင်းများ ပူးပေါင်း၍ ယနေ့ နံနက်ပိုင်းက စျေးသွား စျေးလာ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ပိုး ရှိ/မရှိ စစ်ဆေးပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ စစ်ဆေးဆောင်ရွက်မှုကို  စျေးသွား စျေးလာပြည်သူများ၊ စျေးရောင်းချသူများအား RDT Test Kit ဖြင့် အခမဲ့စစ်ဆေး ဆောင်ရွက်ပေးခြင်းဖြစ်ပြီး တစ်ရက်လျှင် လူဦးရေ(၃၀၀)ဦးခန့် စစ်ဆေးသွားမှာဖြစ်ကြောင်းနှင့် ရောဂါပိုးကူးစက်ပြန့်ပွားမှုကို အမြန်ဆုံးထိန်းချုပ်နိုင်ရေးအတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌထံမှ သိရသည်။

အောင်သူ