တံတားဦးမြို့တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် သိပညာပေးခြင်းနှင့် ဒုတိယအကြိမ် ကာ ကွယ်ဆေးထိုးနှံရေး နှိုးဆော်

 

 

တံတားဦး ၊ စက်တင်ဘာ - ၁၄

 

ကျောက်ဆည်ခရိုင် တံတားဦးမြို့တွင်  ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများ တွင် ပြည်သူများပူးပေါင်း စေရန် အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့နံနက်(၉)နာရီက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဟံသာဝတီကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းဆောင်ရွက်ကြကြောင်းသိရသည် ။

အသိပညာပေးနှိုးဆော်ရာ၌ လက်ရှိအခြေအနေတွင်  အရေးကြီးဆုံးမှာ အတက်နိုင်ဆုံး မဖြစ်မ နေ အိမ်တွင်း၌သာ နေထိုင်ကြရန် ၊ သို့မှသာ ရောဂါကွင်းဆက် ပြတ်တောက်ပြီး  ရောဂါကူးစက် မှုကို ထိထိရောက်ရောက် ကာကွယ် နိုင်မှာ ဖြစ်ကြောင်း ၊ မိမိတို့နေအိမ်တွင် ပြင်ပမှလာသော ဧည့်သည်များ လက်မခံကြရန်နှင့် မိမိတို့ကလည်း အခြားသူများထံသို့  သွားရောက်ခြင်း မပြုကြ ရန် ၊ မဖြစ်မနေ အရေးကြီးကိစ္စကြောင့် အပြင်သို့ သွားလာရပါက ပါးစပ်နှင့် နှာခေါင်းစည်း Mask  ကိုစနစ်တကျ တပ်ဆင်ပြီး အခြားသူများနှင့် ခပ်ခွာခွာပြောဆိုနေထိုင်ပြီး Mask မတပ်ဆင်သူ များနှင့်တွေ့ဆုံခြင်း ၊ စကားပြောခြင်း ၊ ဈေးဝယ်ခြင်းမှ ရှောင်ကြဉ်ကြရန် ၊ လူစုလူဝေး ပြုလုပ်ခြင်းမှ ရှောင်ကြစေလိုကြောင်း ၊ အရာဝတ္ထု တစ်ခုခုကို ကိုင်တွယ်မိတိုင်း လက်ကို ဆပ်ပြာနှင့် အနည်းဆုံး စက္ကန့်(၂၀)ကြာအောင် စနစ်တကျဆေးကြော ပေးစေလို ကြောင်း ၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသော်လည်း ကာကွယ်ရေးလုပ်ငန်းများကို ပြည်သူများ မှ လိုက်နာ ဆောင်ရွက်ခြင်းဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက် ပေးစေလိုကြေင်း ပထမအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးထိုးနှံ ပြီးသူများအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် ထိုးနှံရ မည့်ရက်အလိုက် ကျန်ရှိနေသူများကို ကာကွယ်ဆေးထိုးနှံပေး မည့် စုရပ်များတွင် ဒုတိယအကြိမ် နေ့စဉ်နံနက်(၉)နာရီမှ နေ့လည်(၁၂)နာရီအထိ လာရောက်ထိုးနှံ ပေးကြရန်နှင့် ဟံသာ ဝတီ ကျေးရွာအုပ်စု မုံ့တီစုရပ် ၊ ယွန်းတန်းရပ် ၊ ကိုင်းမားရပ်တို့တွင် Hand Speaker ဖြင့်လှည့်လည် အသိပေး ဆောင်ရွက်ကြကြောင်းသိရသည် ။

တံတားဦးမြိုတွင် ကိုဗစ်-၁၉ရောဂါပိုးတွေ့လူနာ   ကျား(၁၈၆)ဦး ၊ မ(၂၅၄)ဦး ၊  စုစုပေါင်း (၄၄၀) ဦး ၊ ကျန်းမာရေး ကောင်းမွန်၍ ဆေးရုံမှခွင့်ရသူ ကျား(၁၅၃)ဦး ၊ မ(၂၀၆)ဦး ၊စုစုပေါင်း (၃၅၉)ဦး ၊ ဆေးကုသမှုခံယူသူ ကျား(၁)ဦး ၊ မ(၄)ဦး စုစုပေါင်း(၅)ဦးဖြစ်ပြီး သေဆုံးသူ ကျား(၃၂)ဦး ၊ မ(၄၄)ဦး စုစုပေါင်း(၇၆)ဦးဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ တိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေးကော်မတီမှသိရသည်။

ရဲတင့်(တံတားဦး)