မောင်တော စက်တင်ဘာ ၁၄
ရခိုင်ပြည်နယ် မောင်တောမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသည့်အတည်ပြုလူနာများအား မြို့နယ် ပြည်သူ့ ဆေးရုံတွင် သီးသန့်ထားရှိ၍ ကြပ်မတ်ကုသပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ပိုးတွေ့ ရှိသူများ အနက်မှ ၇ ဦးမှာ ထပ်မံ၍ ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ကြောင်း သိရသည်။
မောင်တောပြည်သူ့ဆေးရုံရှိ ကိုဗစ်-၁၉ အတည်ပြုလူနာများအနက် ၇ ဦးမှာ ရောဂါပိုးကင်းစင်သဖြင့် စက်တင် ဘာ ၁၃ ရက်နေ့ နံနက်ပိုင်းက ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ပျောက်ကင်းသူ များ အား တာဝန် ရှိ သူ များက ရောဂါ ပျောက်ကင်းကြောင်း လက်မှတ်များ ပေးအပ်ခဲ့ပြီး ဆေးရုံဆင်း လူနာများသည် မိမိ နေအိမ်တွင် (၇) ရက် အသွား အလာကန့်သတ်ကာ သီးသန့် နေထိုင်ရမည် ဖြစ်ရာ ဆက်လက် ဆောင်ရွက် ရမည့် လမ်းညွန် ချက် များ အား တိကျစွာ လိုက်နာကြဖို့မှာကြားခဲ့သည်။ ဆေးရုံဆင်းခွင့်ရရှိသူများမှာ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ် ပြန်ထားသည့် သတ်မှတ် ချက်များ နှင့် ကိုက်ညီသူများဖြစ်ပြီး ကြောင်းသိရသည်။
ယခုအခါ မောင်တောမြို့၌ ၂၀၂၁ ခုနှစ် ဇွန် ၁၀ ရက်နေ့မှ စက်တင်ဘာ ၁၃ ရက်နေ့ ညနေ ၅ နာရီ အချိန်ထိ ကိုဗစ် အတည်ပြု လူနာ စုစုပေါင်း (၅၁၀)ဦး ရှိရာ ကိုဗစ်-၁၉ ဓါတ်ခွဲ အတည်ပြု လူနာများအနက် (၄၈၄)ဦးမှာ ကျန်းမာရေး ဝန်ကြီးဌာန၏ သတ်မှတ် စည်းကမ်းချက်များနှင့် အညီ ရက်ပြည့် မြောက်ပြီး ရောဂါ လက္ခဏာ ထပ်မံပြသမှု မရှိ သဖြင့် ဆေးရုံဆင်းခွင့်ပြုခဲ့ပြီး သေဆုံးသူ(၂၀)ဦးရှိကြောင်း နှင့် လက်ရှိ မောင်တောမြို့၌ ဆေးကုသမှုခံ ယူနေသူ (၆) ဦးရှိ ကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။
သက်လွင်စိုး