လိပ်သို စက်တင်ဘာ ၁၄
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုများ ရှိလာ သဖြင့် ကိုဗစ် ရောဂါကာ ကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသိပညာပေးနှိုးဆော်မှုအား Hand Speaker ဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာလ ၁၄ ရက်နေ့နံနက် ၉ နာရီ အချိန်က မြို့အတွင်းရှိ အမှတ်(၃)ရပ်ကွက်၌ လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှည့်လည်အသိပညာပေး နှိုးဆော်ဆောင်ရွက်ရာတွင် ပြည်သူများအနေဖြင့် ကိုဗစ် -၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မိမိနေအိမ်တွင်း၌သာ နေထိုင်ကြ ရန်၊ သို့မှသာ ရောဂါကွင်းဆက် ပြတ်တောက်ပြီးကူးစက်မှုကို ထိထိရောက်ရောက်ကာကွယ်နိုင် မည် ဖြစ်ကြောင်း၊ မိမိအိမ်သို့ ပြင်ပမှဧည့်သည် များ လက်မခံကြရန်နှင့် ထို့အတူ မိမိတို့ကလည်း အခြားသူများထံသို့ သွားရောက်ခြင်း မပြုကြရန်၊ မဖြစ်မနေ အရေးကြီးကိစ္စကြောင့် အပြင် ထွက်ရပါက ပါးစပ်နှင့် နှာခေါင်စည်း Mask ကို စနစ်တကျ တပ်ဆင်သွား လာကြ ရန်၊ အခြား သူ များနှင့် အနည်းဆုံး (၆) ပေအကွာမှ ခပ်ခွာခွာနေထိုင် ကြပါရန် ၊ Mask မတပ်ဆင်သူများနှင့် တွေ့ ဆုံခြင်း၊စကားပြောခြင်း၊စျေး၀ယ်ခြင်းများမှ ရှောင်ကြဉ်ကြပါရန်၊အရာ၀တ္တု တစ်ခုခုကို ကိုင် တွယ်ပြီးတိုင်း၊ ထိတွေ့ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့်ဆေးကြပါရန်၊အပြင်ထွက်ရာမှပြန်လာတိုင်း ပါးစပ်နှင့် နှာခေါင်းစည်း Mask များကို စနစ်တကျ စွန့်ပစ်ကြပါရန်နှင့် သက်ကြီးရွယ်အိုများနှင့် ဆီးချို၊ သွေးတိုး၊ နှလုံး ရောဂါအခံရှိသူများ ရောဂါကူးစက်ခံရပါက ဝေဒနာပြင်းထန် စွာခံစား ရပြီး အသက်အန္တရာယ်ထိခိုက်နိုင်ပါကြောင်း၊ အကယ်၍ မိမိတို့ရောဂါပိုးကူးစက်သည်ဟုသံသယ ရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွယ်၍ မပျက်မကွက် ဆေးကုသမှုခံယူကြပါရန် ကိုဗစ်-၁၉ ကပ်ရောဂါကူစက်ပြန့်ပွားမှုကို အမြန်ကာကွယ် တားဆီးထိန်းချုပ်နိုင်ရေး အတွက် ရောဂါကာကွယ်ရေးလုပ်ငန်းများကို မိဘပြည်သူများအနေဖြင့် ကိုယ်စီလိုက်နာကြပြီး ပူးပေါင်း ပါ၀င် ဆောင်ရွက်ပေးကြပါရန် လှည့်လည်၍ တိုက်တွန်းနှိုးဆော်ခဲ့ကြသည်။
ထိုသို့ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေးလှည့်လည်နှိုးဆော်ခြင်းကို ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန ၀န်ထမ်းများက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
နွယ်နွယ်ခိုင် (ပြန်/ဆက်)