မိုးမောက် စက်တင်ဘာ ၁၄
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ၊မိုးမောက်မြို့နယ်တွင် ကိုဗစ်−၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးသူများကို မိုးမောက်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံးအစည်း အဝေးခန်းမ၌ ယမန်နေ့ နံနက် ၉နာရီခန့်တွင် ဒုတိယအကြိမ်အဖြစ် ဆက်လက် ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ်−၁၉ ကာကွယ်ဆေး (SINOPHARM) ဒုတိယအကြိမ်အဖြစ် ဆက်လက်ထိုးနှံပေးရာတွင် ပထမအကြိမ်ကာကွယ်ဆေး ထိုးပြီးသူများဖြစ်သည့် မိုးမောက်မြို့အတွင်းရှိ အသက် ၆၅ နှစ်နှင့်အထက်ပြည်သူများ ၊ အစိုးရ/ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းများ ၊ Volunteer/ ပရဟိတအဖွဲ့ဝင်များ၊ ဘိုးဘွားရိပ်သာ၊ သံဃာတော်များ/သီလရှင်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ ပုဂ္ဂလိက ဘဏ်ဝန်ထမ်းများ၊ ဟိုတယ်မိုတယ်/ တည်းခိုခန်း၊ အကျဉ်း/အချုပ်သားများ၊ ပုဂ္ဂလိက ပို့ဆောင်ရေးအဖွဲ့အစည်းများ၊ ပုဂ္ဂလိကစက်ရုံ/အလုပ်ရုံဝန်ထမ်းများ၊ Super Market/စျေးစ သည်ဖြင့် ဦးစားပေးအုပ်စုများကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ ကျန်းမာရေးစစ်ဆေးခြင်း၊ ပါးစပ်နှင့်နှာခေါင်းစည်း (Mask) စနစ်တကျ တပ်ဆင်စေခြင်း၊ သွေးပေါင်းချိန်တိုင်းတာပေးခြင်း၊ စနစ်တကျမှတ် တမ်းတင်ရေးသွင်း ခြင်းများပြုလုပ်ပြီး ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး (SINOPHARM) ကိုဆက်လက်ထိုးနှံ ပေးလျက်ရှိသည်။
မိုးမောက်မြို့နယ်တွင် ပထမအကြိမ်ကာကွယ်ဆေးထိုးနှံပြီးသောပြည်သူ ၁၃၅၀ ဦးအတွက် ကိုဗစ်ကာကွယ်ဆေးကို ဆက်လက်ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
သဲစုမိုး (ပြန်/ဆက်)