ယင်းမာပင်မြို့နယ်တွင် ပထမအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပြီးသူများအား ဒုတိယအကြိမ် ၈ရက်မြောက်နေ့အထိ ၃၄၇၅ဦးအား ထိုးနှံပေးပြီးဖြစ်

ယင်းမာပင် စက်တင်ဘာ ၁၄

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့၊  အခြေခံပညာအထက်တန်းကျောင်း၊   ပညာဇွဲမာန် ခန်းမ၌ စက်တင်ဘာ ၁၃ရက်၊နံနက် ၉နာရီက ပထမအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး( Sinopharm) ထိုးနှံခဲ့သော   အသက် ( ၆၅ )နှစ်နှင့်အထက် သက်ကြီး    ဘိုးဘွားများ အပါအဝင် ဦးတည်အုပ်စုများအလိုက် သတ်မှတ်ထားရှိသူများအား မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများက ဒုတိယ အကြိမ် ၈ရက်မြောက်နေ့အဖြစ်  ( ၉၀)ဦးကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။

 

ထို့သို့  ကိုဗစ် - ၁၉ရောဂါကာကွယ်ဆေး( Sinopharm ) ထိုးနှံပေးရာတွင် ကာကွယ်ဆေး  လာရောက် ထိုးနှံ သူများကို ကာကွယ်ဆေးမထိုးပေးမီ ကိုယ်အပူချိန်  တိုင်းတာခြင်း၊သွေးပေါင်ချိန် တိုင်းတာခြင်းနှင့် ကာကွယ် ဆေးထိုး မှတ်တမ်းများ ရေးသွင်းခြင်းများ ပြုလုပ်ပြီးနောက် အသက်( ၆၅ )နှစ်နှင့် အထက်ရှိသူများ၊ အစိုးရ/ 

ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ ရဟန်း/ သံဃာ/ သီလရှင်များ၊ နိုင်ငံ့ ဝန်ထမ်းများ၊ ပုဂ္ဂလိက ပို့ဆောင်ရေးလုပ်ငန်းများတွင် ဆောင်ရွက်နေသည့် ယာဉ်မောင်း/ ယာဉ်နောက်လိုက်များ၊ ဈေးရောင်း/ဈေးဝယ်များ စသည့်ဖြင့်  ဦးတည်အုပ်စုများအလိုက် သတ်မှတ်ထား ရှိသူများကို မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများက ဒုတိယအကြိမ် ထိုးနှံပေးခြင်း ဖြစ်သည်။

ယင်းမာပင်မြို့နယ်၌ သြဂုတ်လအတွင်းက ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး  ပထမအကြိမ်  ထိုးနှံပေးခဲ့သော အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအပါအဝင် ဦးတည်အုပ်စုများအလိုက် သတ်မှတ်ထားရှိသူ (၆၇၀၀)ဦးအား ပထမအကြိမ် ထိုးနှံပေးနိုင်ခဲ့ပါသည်။၎င်းတို့အား စက်တင်ဘာ ၄ရက်နေ့မှ  စတင်၍  ဒုတိယ အကြိမ်အဖြစ် စက်တင်ဘာ ၁၃ရက်နေ့ ၈ရက် မြောက်နေ့အထိ စုစုပေါင်း(၃၄၇၅)ဦးကို ထိုးနှံပေးခဲ့ပြီး ဖြစ်၍ ဒုတိယအကြိမ်ထိုးနှံရန်ကျန်ရှိသူအားလုံးကိုကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်းဆက်လက် ထိုးနှံပေးသွားမည်  ဖြစ်ကြောင်းနှင့်ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ( Sinopharm )ဒုတိယအကြိမ် ထိုးနှံပေး နေမှု အခြေအနေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမန်ကိုဟောနှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

သန်းဌေး(သရက်)