ပင်လောင်း စက်တင်ဘာ ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု လျော့နည်းစေရေးအတွက် ပိုးတွေ့လူနာများ တွေ့ရှိခဲ့သည့် ရပ်ကွက်များမှ နေအိမ်များအား ပိုးသတ်ဆေးဖျန်းပေးခြင်းလုပ်ငန်းကို ယနမန်နေ့နံက်ပိုင်းက အဖြူရောင်လူငယ်ပရဟိတအဖွဲ့မှသွား ရောက်ဆောင်ရွက်ခဲ့ကြသည်။
ပင်လောင်းမြို့နယ်အတွင်း၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှု တတိယလှိုင်းအဖြစ် ဇွန်လ ၃၀ ရက်နေ့တွင် စတင်ဖြစ်ပွားခဲ့ပြီး ယမန်နေ့ အချိန်အထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အတည်ပြုလူနာပေါင်း (၁၂၀၅) ဦး စစ်ဆေးတွေ့ပြီး၊ ဆေးရုံတက်ရောက် ကုသခံရာမှ ရောဂါပျောက်ကင်းပြီး နေအိမ်ပြန်ခွင့် ရရှိသူပေါင်း(၁၀၅၆)ဦးရှိပြီး သေဆုံးလူနာ (၁၅)ဦးနှင့် ဆေးရုံတက်ရောက် ကုသဆဲလူနာ (၁၃၄)ဦး ကျန်ရှိကြောင်း သိရသည်။ အဖြူရောင်လူငယ်ပရဟိတအဖွဲ့မှ လူငယ်များသည် ပိုးတွေ့လူနာအိမ်များသို့ သွားရောက်ပိုးသတ်ဆေးဖျန်းပေးခြင်း၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီမှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဌာန ဆိုင်ရာ များကိုလည်း တစ်ဖက်တစ်လမ်းမှ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထွန်းလင်း (ပင်လောင်း)