ကွတ်ခိုင် စက်တင်ဘာ ၁၃
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ကွတ်ခိုင်မြို့နယ်ရှိ နယ်မြေခံတပ်ရင်းများတွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကပ်ပြားများပြုလုပ်ပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်း၍ ပြုလုပ်ပေးခဲ့ကြောင်းသိရသည်။
ထိုကဲ့သို့ပြုလုပ်ပေးရာတွင် မြို့နယ်ဦးစီးမှူး ဦးဇော်မိုးအောင် နှင့်ဝန်ထမ်းများက အမှတ်(၃၄၇) အမြောက်တပ်ရင်းသို့ကွင်းဆင်းဆောင်ရွက်ပေးခဲ့ရာအိမ်ထောင်စု(၁၅) စု ၊ နိုင်ငံသားကတ်ပြား (၁၉)ဦးတို့ကိုအသစ်ပြုလုပ်ပေးခဲ့ပြီး နမ့်ဖတ်ကာခလရ(၁၂၃) တပ်ရင်းတွင်လည်း အိမ်ထောင်စု(၃၃)စု၊ နိုင်ငံသားကပ်ပြား(၄၆)ဦး ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ကျန်ရှိသည့်တပ်ရင်းများတွင်လည်း ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဌေးဌေး(ကွတ်ခိုင်)