နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့ အောင်သိဒ္ဓိစေတီတော်၌ စုပေါင်း သန့်ရှင်းရေးဆောင်ရွက်

ထန်ပါခွေ စက်တင်ဘာ ၁၃

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၊ အောင်သိဒ္ဓိ စေတီတော်၌ ယနေ့နံနက် ၉ နာရီအချိန်က၊ ဌာနဆိုင်ရာများစုပေါင်း၍ သန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ထန်ပါခွေမြို့ ထေရဝါဒ ဗုဒ္ဓသာသနာပြုကျောင်း ဆရာတော် အရှင်ဇေယျာနန္ဒ ဦးဆောင်ကာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊  လျှပ်စစ်၊ စိုက်ပျိုးရေး၊ ပြန်/ဆက်၊ ကျန်းမာရေး၊ စည်ပင်၊ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ် တပ်ဖွဲ့ဝင်များက စေတီအနီး ပတ်ပတ်လည်၌ ခြုံနွယ်များရှင်းလင်းခြင်း၊ ရှစ်မျက်နှာဘုရား ဆင်းတုတော်များအား ရေသပ္ပာယ်ခြင်း၊ ပန်း၊ ရေချမ်းကပ်လှူခြင်း၊ ဘုရားရင်ပြင်တော်၌ တံမျက်စည်းလှည်းခြင်း လုပ်ငန်းများအား ပူးပေါင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဟန်ထွန်း(အင်းဝ)