မက်မန်း စတင်ဘာ ၁၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများလိုက်နာရမည့်အချက်များ အသိပညာပေး နှိုးဆော်ခြင်းနှင့်အတူ ပါးစပ်နှာခေါင်းစည်း(mask)များ အခမဲ့ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက်က မြို့ပေါ်ရပ်ကွက်နှင့် ကွန်ဟောင်းကျေးရွာတို့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြည်သူများ ကိုဗစ် -၁၉ ရောဂါကာကူးစက်မှုမရှိရေး အတတ်နိုင်ဆုံး အိမ်တွင်း၌သာနေထိုင်ရေး၊ လက်ကိုမကြာခဏဆေးကြောရေး မိမိအိမ်သို့ ပြင်ပဧည့်သည်များ လက်မခံရန်နှင့် နေအိမ်အပြင်ထွက်ပါက(mask)ကို စနစ်တကျတပ်ဆင်ရေး၊ လူစုလူဝေးရှိသော နေရာများကိုရှောင်ကြဉ်ရေး ပြင်ပမှပြန်လာတိုင်း(mask)များကို စနစ်တကျစွန့်ပစ်ရေး မိမိကိုယ်ကိုယ် သံသယရှိပါကကျန်းမာရေးစစ်ဆေးပြီး ရောဂါကူးစက်ခံရပါက ဆေးကုသမှု ခံယူရေး ကိုဗစ်-၁၉ ရောဂါသည် သက်ကြီးရွယ်အိုများနှင့် ဆီးချို၊ နှလုံး၊ သွေးတိုးရောဂါ ရှိသူများကို ကူးစက်ခံရပါက ဝေဒနာပြင်းထန်စွာခံစားရပြီး အသက်အန္တရာယ်ထိခိုက်နိုင်သဖြင့် ဂရုစိုက်ရန်နှင့် ကိုဗစ် -၁၉ ရောဂါ အမြန်ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေး ရောဂါ ကာကွယ်ရေး လုပ်ငန်းများကို ပြည်သူအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ကြရေး အသိပေး နှိုးဆော်ခဲ့ပြီး နှာခေါင်းစည်း(mask)များ အခမဲ့ဖြန့်ဝေ ခဲ့သည်။
အဆိုပါ အသိပေးနှိုးဆော်ခြင်းနှင့်(mask)များ ဖြန့်ဝေခြင်းကို မြို့နယ်ကိုဗစ်၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ဌာနဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်