လယ်တောင်ယာကျေးရွာတွင် ကိုဗစ်-၁၉ရောဂါပိုးကူးစက်ပျံ့နှံ့မှုမှ ကွင်းဆက်ဖြတ်တောက်နိုင်ရေး RDT Test-Kit ဖြင့်စစ်ဆေးပေး

တနင်္သာရီ စက်တင်တာ ၁၃

         

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးနိုင်၏လမ်းညွှန်မှုအရ မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ အောင်သိုက်ထွန်း၏ကြီးကြပ်မှုဖြင့် ဆင်ခြေဖုန်း ကျေးရွာအုပ်စု-လယ်တောင်ယာကျေးရွာအတွင်း ကိုဗစ်-၁၉ ရောဂါပိုးကူးစက် မှုနှုန်း မြင့်တက် နေခြင်း၊ဖျားနာသူများပြားနေခြင်းတို့ကြောင့် ကိုဗစ်-၁၉ ရောဂါကွင်းဆက်ဖြတ်တောက်နိုင်ရေး အတွက် စက်တင်ဘာလ၁၃ရက်နေ့ နံနက်၁၀နာရီအချိန်မှစ၍ အလက-လယ်တောင်ယာနှင့် လယ်တောင်ယာရွာ ဝေနေယျ သုခဘုန်းတော်ကြီး ဓမ္မာရုံအတွင်း ဆရာတော်/သံဃာတော်(၄) ပါးနှင့် ဒေသခံ(၁၁၇)ဦး ပေါင်း(၁၂၁)ဦးတို့အား ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ RDT Test-Kit ဖြင့် ဓာတ်ခွဲ စစ်ဆေးပေးရာ သံဃာတော်များတွင် ရောဂါပိုး(မတွေ့)ရှိဘဲ  ဒေသခံလူနာသစ် (၄၅)ဦးတွင် ရောဂါပိုးအတည်ပြုတွေ့ရှိခဲ့ကြောင်း သိရှိရသည်။

         

ထိုသို့ ကျန်းမာရေးဌာနဆရာမများနှင့်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များက RDT Test-Kit ဖြင့်စစ် ပေးရာသို့ မြို့နယ်ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ အတွင်း ရေးမှူး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသန်းထိုက်စိုးနှင့်မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ အောင်သိုက်ထွန်း၊ မြို့နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဇော်ဇော်အောင်တို့က ကြည့် ရှုအားပေး၍ လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက် ပေးပြီး ဆင်ခြေဖုန်းကျေးရွာအုပ်စု အုပ်ချုပ် ရေးအဖွဲ့မှ ရာအိမ်မှူးနှင့်ဆယ်အိမ်မှူးများ၊ ကျေးရွာမီးသတ်တပ်ဖွဲ့တာဝန်ခံ ဦးဝင်းညွန့်နှင့်တပ် ဖွဲ့ဝင်များက ပူးပေါင်းကူညီဆောင်ရွက်ပေးကြောင်း သိရှိရသည်။

         

ယနေ့စစ်ဆေးရာတွင် ကိုဗစ်ရောဂါပိုးဓာတ်ခွဲအတည်ပြုလူနာ(၄၅)ဦးအား တနင်္သာရီမြို့   ပိုးတွေ့ ထိစပ်၊သံသယ၊ လူနာသယ် ယူပို့ဆောင်ရေးအဖွဲ့ မော်တော်ယာဉ်များဖြင့် သတ်မှတ်ထားသည့် Covid-19 Positive Centre များသို့ ကိုဗစ်-၁၉ ဆိုင်ရာလမ်းညွှန်ချက်များနှင့်အညီ သယ်ယူ ပို့ဆောင်ပေးကြကြောင်း သိရှိရသည်။

 

၎င်းလယ်တောင်ယာရွာသည် ဆင်ခြေဖုန်းကျေးရွာအုပ်စုအတွင်းရှိ၍ တနင်္သာရီမြို့နှင့်(၂)  မိုင်ခန့် အကွာတွင် အိမ်ထောင်စု (၄၁၃)စုရှိ၍ လူဦးရေ(၁၆၈၈)ကျော်ရှိသော ကျေးရွာကြီးတစ်ရွာ ဖြစ်ပြီး ကိုဗစ်-၁၉(တတိယ)လှိုင်းဖြစ်စဉ်အတွင်း ရောဂါပိုးကူး စက်မှုနှုန်းမြင့်တက်နေကြောင်း သိရှိရသည်။

 

နန်းသာရီ-ထိန်ဝင်း