ကြို့ပင်ကောက် စက်တင်ဘာ ၁၃
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ဦးစားပေးအုပ်စုများအလိုက် ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်က အရှေ့ဘက် မဟာလောကသီရိ ဘုရားကြီးတွင် ဒုတိယအကြိမ် ကာကွယ်ဆေးထိုးရန်ရှိနေသော စက်ရုံအလုပ်ရုံများတွင် အလုပ်လုပ် နေသူများအား နံနက် ၉ နာရီမှစ၍ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကြို့ပင်ကောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူ ၅၀၉၇ ဦးရှိပြီး ဒုတိယ အကြိမ် ထိုးနှံပြီးသူ ၄၄၂၃ ဦးရှိပြီဖြစ် ကြောင်း ယနေ့ ဒုတိယအကြိမ် ထိုးနှံပေးသူများမှာ စက်ရုံအလုပ်ရုံ အလုပ် သမား ၂၂၄ ဦးနှင့် ပညာရေးဝန်ထမ်း ၂၆ ဦးထိုးနှံပေးခဲ့ကြောင်း စက်တင်ဘာလ ၁၄ ရက်နေ့ နံနက် ၉ နာရီတွင် အရှေ့ဘက် မဟာလောကသီရိဘုရားကြီးတွင် ပထမအကြိမ် ထိုးနှံပြီးသား ဟော်တယ်မော်တယ် တည်းခိုးခန်းများမှ ဝန်ထမ်း များ၊ စက်ရုံအလုပ်ရုံများမှ ဝန်ထမ်းများ၊ မြို့မဈေးအတွင်း ဈေးရောင်းချနေ သော ဝန်ထမ်းများ၊ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။
ကြို့ပင်ကောက်မြို့တွင် ယနေ့အထိ ကိုဗစ်-၁၉ ရောဂါပိုး အတည်ပြုတွေ့ရှိသူ (၁၀၂၆) ဦးတွေ့ရှိခဲ့ပြီး သက်သာပျောက်ကင်း၍ ဆေးရုံမှ ဆင်းခွင့်ရရှိသူ (၈၉၂) ဦးရှိကြောင်း ကိုဗစ်-၁၉ ကုသရေးစင်တာ မြို့နယ်ပြည်သူ့ဆေးရုံးနှင့် တိုင်းရင်း ဆေးရုံတို့တွင် ကုသမှုခံယူနေရသူ (၅၆) ဦးရှိကြောင်း ကိုဗစ်-၁၉ ရောဂါ ဖြင့် သေဆုံးသူ (၇၇)ဦးရှိခဲ့သောကြောင်း ကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များ နှင့် အညီ ဆက်လက်ပြီး လိုက်နာနေထိုင် သွားစေလိုကြောင်းနှင့် ရောဂါ ကာကွယ်ဆေးများကို ထိုးနှံထားကြရန် တိုက်တွန်းလိုကြောင်း မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ဇေယျာထွန်း