ဂွမြို့နယ်၌ ထုတ်ပြန်ထားသည့် ကိုဗစ်စည်းကမ်းချက်များအား လိုက်နာမှု ရှိ/မရှိ စစ်ဆေးခြင်းနှင့် ပြည်သူများအား လက်သန့်ဆေးရည် ဖျန်းပေးခြင်းများ ဆောင်ရွက်

ဂွ စက်တင်ဘာ ၁၃

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင်     မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ဦးဆောင်မှုဖြင့်  တာဝန်ရှိဌာနဆိုင်ရာများက ယနေ့ နံနက် ၇ နာရီအချိန်ခန့်က  မြို့မယာယီပျံကျစျေးတွင်  ထုတ်ပြန်ထားသည့် ကိုဗစ်စည်းကမ်းချက်များအား လိုက်နာမှု ရှိ/မရှိ စစ်ဆေးခြင်းနှင့် ပြည်သူများအား လက်သန့်ဆေးရည် ဖျန်းပေးခြင်းများ ဆောင်ရွက်ခြင်းကို ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ထုတ်ပြန်ထားသည့် ကိုဗစ်စည်းကမ်းချက်များအား လိုက်နာမှု ရှိ/မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉​ရောဂါ ထိန်းချုပ်ရေးနှင အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးဇာနည်ကျော် ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအောင်ဇံဟိန်းနှင့် နေ့ရက်အလိုက် တာဝန်ကျဌာနဆိုင်ရာများ၊ မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများက မြို့မယာယီပျံကျစျေးတွင် သွားလာနေကြသည့် မိဘပြည်သူများကို နှာခေါင်းစည်း (Mask)စနစ်တကျ တပ်ဆင်သွားလာစေရေး၊ အိမ်ပြင်သို့ အကြောင်းမဲ့ထွက်ခွာမှု မရှိစေရေး၊ အပြင်ထွက်ရာတွင် နေအိမ်အပြင်ထွတ်ကတ်ပါရှိစေရေး ကြပ်မတ် ဆောင်ရွက်ခဲ့သည်။

ထို့နောက် အဆိုပါပူးပေါင်းအဖွဲ့သည် ယာယီပျံကျစျေး၌ စျေးဝယ်လာသူများကို ကိုဗစ်-၁၉ရောဂါ ကူးစက်မှု မဖြစ်ပေါ်စေရေးအတွက် လက်သန့်ဆေးရည် ဖျန်းပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်