ပလောက်မြို့တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

ပလောက်   စက်တင်ဘာ   ၁၃

           

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် အသက်(၆၅)နှစ်နှင့် အထက် အဘိုး အဘွားများနှင့် ဦးစားပေးအဆင့်လိုက်ပြည်သူများအား စက်တင်ဘာလ(၁၃)ရက်နေ့၊ နံနက်ပိုင်း ကပလောက်မြို့၊အ‌ထွေထွေ အုပ်ချုပ်‌ရေးဦးစီးဌာနရုံး၊‌ ရွှေသီလာရတနာခန်းမတွင် ဒုတိယ အကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ကို ဆက် လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ထိုးနှံပေးလျက်ရှိရာတွင် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ် သော Sinopharm  အမျိုးအစားဖြစ်၍ စက်တင်ဘာလ (၂) ရက်နေ့မှ (၁၃)ရက်နေ့ အထိ ပလောက်မြို့၌  ကျား ( ၈၉၂ ) ဦး၊ မ ( ၆၁၇ ) ဦး ၊ စုစုပေါင်း (၁၅၀၉ )ဦး  ထိုးနှံပေး နိုင်ခဲ့ကြောင်း သိရသည်။

နှင်းမြူလွင်(ပလောက်)