လူမှုဖူလုံရေး အစီအစဉ်ဖြင့် စက်ရုံ၊ အလုပ်ရုံနှင့် ကုမ္ပဏီဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိ

သင်္ဃန်းကျွန်း စက်တင်ဘာ ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ  စက်ရုံ၊ အလုပ်ရုံနှင့် ကုမ္ပဏီဝန်ထမ်းများအား လူမှုဖူလုံရေး အစီအစဉ်ဖြင့် ယနေ့ နံနက် (၁၁:၀၀)အချိန်က ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ရှေးဦးစွာ  စက်ရုံ၊ အလုပ်ရုံနှင့် ကုမ္ပဏီဝန်ထမ်းများ ရောဂါ ကူးစက်ခံရမှု မဖြစ်ပေါ်စေရန်နှင့် ကူးစက်ပြန့်ပွားမှု မဖြစ်စေရေးအတွက် လူမှုဖူလုံရေးအစီအစဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးပေးနေခြင်းဖြစ်ပြီး ဆေးထိုးရန် လာရောက်သူများကိုယ်လည်း အစစအရာရာ အဆင်ပြေစေရေး အတွက် မြို့နယ်ကိုဗစ် ကော်မတီဝင်များနှင့် ပရဟိတအသင်းများကလည်း ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

ယခုလို ရောဂါကာကွယ်ဆေးထိုးခြင်းကို မြို့နယ်အတွင်းရှိ  စက်ရုံ၊ အလုပ်ရုံနှင့် ကုမ္ပဏီဝန်ထမ်းများ ကျန်ရှိမှု မရှိစေရေး ဆက်လက်ထိုးနှံပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။

စန္ဒာမိုး